မြန်မာနယ်စပ်အနီး တရုတ်တပ်မတော် စစ်ရေးလေ့ကျင့် မြန်မာအစိုးရကို အသိပေးခဲ့ဟု ဆင်ဟွာ သတင်းတွင် ဖော်ပြ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ကြည်းတပ်နှင့် လေတပ်တို့ မြန်မာနယ်စပ်အနီး၌ မတ် ၂၈ ရက်တွင် ကျည်အစစ်များဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ဟု တရုတ်စစ်ဘက်ဆိုင်ရာ သတင်းအရင်း အမြစ် များက ပြောကြားကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။


 

အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုကို နှစ်စဉ်လေ့ကျင့်ရေးအစီအစဉ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး တပ်သား များ၏ လျင်မြန်စွာချီ တက်နိုင်မှု၊ တိကျစွာချေမှုန်းနိုင်မှု၊ တိုက်လေယာဉ်များ၏ အသွင်အမျိုးမျိုးဖြင့် ပျံ သန်း နိုင်မှုနှင့် ပူးတွဲတိုက်ခိုက်မှုစွမ်းရည်ကို စမ်းသပ်ရန်ရည်ရွယ်ကြောင်း သတင်းတွင် ဖော်ပြသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုကို ကျည်အစစ်များဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ကြည်းတပ်သားများ၊ အမြောက်၊ လေကြောင်းကာကွယ်ရေး၊ စစ်ဘက်ပျံသန်းရေးနှင့် လေတပ်တပ်ဖွဲ့ဝင်များပါဝင်ခဲ့သည်ဟု စစ်ဘက် သတင်းအရင်းအမြစ်များက ပြောကြောင်း အဆိုပါသတင်းတွင် ဖော်ပြသည်။

၎င်းတို့သည် နီးကပ်စွာ ပူးပေါင်းပြီးပစ်မှတ်များကို တိကျစွာချေမှုန်းနိုင်ခဲ့သည်ဟု သတင်းအရင်းအမြစ်များ က ပြောကြောင်း၊ လေတပ်နှင့် အမြောက်တပ်များ၏ ပစ်ကူရရှိသော ကြည်းတပ်သားများသည် လျင်မြန်စွာ ချီတက်နိုင်ခဲ့ကာ ရန်သူကိုဝိုင်းထားနိုင်သည့်ပုံစံ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ နယ်စပ်ဒေသအမျိုးသား လုံခြုံ ရေးကို ကာကွယ်စောင့်ရှောက်ရန် လေကြောင်းရန် ကာကွယ်ရေး၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးအတွက် ဆန္ဒပြင်းပြမှုကို စစ်ရေးလေ့ကျင့်မှုတွင် တရုတ်စစ်တပ်က ပြသခဲ့ကြောင်း တရုတ်ပြည် သူ့လွှတ်မြောက်ရေး တပ်မတော်မှ ဗိုလ်မှူးကြီး Fang Xin က ပြောခဲ့သည်။

တရုတ်အာဏာပိုင်များသည် စစ်ရေးလေ့ကျင့်မှုမစမီတွင် မြန်မာအစိုးရကို ကြိုတင်အသိပေးခဲ့သည်ဟု သတင်းအရင်းအမြစ်များအရ သိရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။

Ref:Xinhua