ပြည်ငြိမ်းအောင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ပြည်ခိုင်ဖြိုးက ပါဝင်ဆင်နွှဲ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့ ပြည်ငြိမ်းအောင် ဆုတောင်းပြည့်စေတီတော် ရင်ပြင်တော်တွင် ကျင်းပသော ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲတွင် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ် ပူဇော်သော သံဃာတော် အရှင်သူမြတ် တို့အား စေတီတော်ပရိဝုဏ်အတွင်း၌ ဆွမ်းဆန် စိမ်း လောင်းလှူပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ရာ ပေါင်းတည်မြို့နယ် ပြည်ထောင်စြု ကံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်များက လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြသည်။

 

 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲသို့ တိုင်းပါတီကော်မတီဝင် ဒေါ်ထားထားနု၊ ပြည်ခရိုင် ပါတီ အတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့်ပါတီဝင်များ တက်ရောက်လောင်း လှူကြသည်။

သူရအောင်(ပြည်)