ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်

 

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစု ပင်လုံတတိယ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂)တွင် စတင်ကျင်းပခဲ့ပြီး ယင်း အခမ်းအနားသို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌနှင့် ပါတီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးလှသိန်း၊ ဒေါက်တာ ပွင့်ဆန်း၊ ဒေါက်တာမောင်သင်း(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့်ဒေါ်နန်းနီနီအေး(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)တို့ တက်ရောက် ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားခံရသည့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီနှင့် ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးတို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ပင်လုံသစ္စာတေးသရုပ်ဖော်ဖြင့် ကပြဖြေဖျော်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားခြင်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားခြင်းNCA လက်မှတ်ရေးထိုးပြီး တိုင်းရင်းသားလက်ကိုင်များအဖွဲ့ကိုယ်စား ကရင်အမျိုးသားအစည်း အရုံးဥက္ကဋ္ဌက အမှာစကားပြောကြားခြင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စား ရခိုင်အမျိုးသားပါတီဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဗီဒီယိုပြသခြင်း၊ နိုင်ငံတော်အကြီးအကဲများနှင့် မှတ်တမ်းဓာတ်ပုံရိုက် ကူးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဖွင့်ပွဲနေ့အခမ်းအနားသို့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် UPDJC အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ၊ ပါဝင်သင့်ပါဝင်ထိုက်သူများ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သာလှ(ပျဉ်းမနား)