ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး သံတွဲ ကျောက်ဖြူခရိုင်ရှိ ပြည်နယ် ခရိုင် မြို့နယ် ပါတီကော်မတီဝင်များ ပါတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သောအဖွဲ့နှင့် ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ ပါတီဝင်များ၊ ရပ်မိရပ်ဖများတွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၃နာရီက သံတွဲခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးနှင့်အတူ ဗဟိုအတွင်း ရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအတိုင်ပင်ခံဦးမောင်မောင်အုန်း၊ ဗဟို ကော်မတီဝင်များဖြစ်ကြသော ဦးထွေးလှ၊ ဒေါက်တာနန္ဒာလှမြင့်၊ သံတွဲခရိုင်ရှိ ပါတီ ဝင်များ၊ ရပ်မိရပ်ဖများ ၁၅ဝ ခန့်တက် ရောက်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးသန်းဌေးက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက် ရောက်လာသော ရပ်မိရပ်ဖများမှ ဆွေးနွေး တင်ပြရာတွင် ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဒေါက်တာစိုးမြင့်ကပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရကာလတွင် အစိုးရနှင့်လွှတ်တော်မှ တာဝန်ရှိပုဂ္ဂိုလ်များ က မိမိတို့ဒေသအတွက် ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ခဲ့မှုများအပေါ် ကျေးဇူးတင် ရှိကြောင်းနှင့် နောင်တွင်လည်း ထိုကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးပါရန် ဆွေးနွေး ခဲ့သည်။

ဆက်လက်ပြီး ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးတင်ဝင်းက ပါတီများမှတ်ပုံတင်သည့် အခါ ဒို့တာဝန်အရေးသုံးပါးကို အာမခံနိုင် မှသာ ပါတီအဖြစ် တည်ထောင်ခွင့်ပြုစေ ချင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် လက်ရှိဖြစ်ပေါ်နေသော တိုင်းပြည်တည် ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှု အား နည်းလာခြင်း၊ တိုင်းပြည်၏ နယ်နိမိတ် လက်လွှတ်ဆုံးရှုံးရမည့်အခြေအနေ ဖြစ်ပေါ် လာရခြင်းများကို စိတ်ပူမိသည့်အတွက် ယခုလို အကြံပြုဆွေးနွေးတင်ပြရခြင်းဖြစ် ကြောင်း ပြောကြားသည်။

တင်ပြချက်အပေါ် ပါတီဥက္ကဋ္ဌမှ ပြန် လည်ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်ပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး နှင့် ပြည်နယ် ခရိုင် မြို့နယ် ပါတီကော် မတီဝင်များတွေ့ဆုံပွဲကို ယနေ့ ညနေ ၅နာရီက သံတွဲခရိုင်ပြည်ခိုင်ဖြိုးရုံးတွင် ဆက်လက်ပြုလုပ်ခဲ့ပြီး ပြည်နယ်ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ရပ်/ကျေးကော် မတီဝင်များ ၁၃ဝ ခန့်တက်ရောက်ခဲ့ကြ သည်။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌများ မှ လုပ်ငန်းဆောင်ရွက်မှုများ တင်ပြခြင်း၊ ခရိုင်ပါတီဥက္ကဋ္ဌများမှ လုပ်ငန်းဆောင် ရွက်မှုများတင်ပြခြင်း၊ပြည်နယ်ပါတီဥက္ကဋ္ဌ မှ ခြုံငုံသုံးသပ်တင်ပြခြင်း၊ ပါတီဥက္ကဋ္ဌမှ လမ်းညွှန်အမှာစကားပြောကြားခြင်းစသည့် အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။

Union daily