ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး လောက်ကိုင် ယောက်အဲရှိရွာမှ မိဘမဲ့သမီးငယ်အား ငွေငါးသိန်းထောက်ပံ့

လောက်ကိုင်ဒေသ ယောက်အဲရှိကျေးရွာသို့ အကြမ်းဖက်သောင်းကျန်းသူများ ယခုလ ၅ ရက်နံနက် ၃ နာရီတွင် ဝင်ရောက်ပစ်ခတ်မှုကြောင့် မိဘနှစ်ပါးသေဆုံးခဲ့ရသည့် အသက်နှစ်လခွဲသာရှိသော မဆောင်းဒီဇင်ဘာထွန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီးတို့က ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ရွှေပြည်တော်ဟိုတယ်သို့သွားရောက်၍ ထောက်ပံ့ငွေကျပ် ငါးသိန်းနှင့်ကလေးအသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့ခဲ့သည်။

 

 မဆောင်းဒီဇင်ဘာထွန်း၏ မိဘနှစ်ပါးဖြစ်သည့် ဖခင်ဦးဝေယံ ထွန်းနှင့် မိခင်ဒေါ်ဗျာမီး (ပညာရေးဝန်ထမ်း)တို့အား ကျောင်းဝန်ထမ်း အိမ်ရာအတွင်းသို့ သောင်းကျန်းသူတို့ဝင်ရောက် အနီးကပ်ပစ်ခတ် ခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး မဆောင်းဒီဇင်ဘာထွန်းမှာ အသက် မသေဘဲ ကျန်ရှိခဲ့သည့်အတွက် ရွှေပြည်တော်ဆုံမှတ်ပရဟိတအဖွဲ့၏ ကူညီစောင့်ရှောက်မှုဖြင့် နေပြည်တော်သို့ရောက်ရှိစဉ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်ဇနီးတို့က ယခုကဲ့သို့သွားရောက်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဇနီးတို့သည် ယနေ့နံနက်ပိုင်းတွင် လည်း ရန်ကုန်-နေပြည်တော်အမြန်လမ်းမိုင်တိုင် ၈၉ YGW မိဘမဲ့ ဂေဟာတွင် ကလေးအသုံးအဆောင်ပစ္စည်း၊ ငွေကြေးနှင့်စားသောက် ကုန်ပစ္စည်းများ ထောက်ပံ့ပေးလှူခဲ့သည်။