ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေး ချင်းပြည်နယ် ထန်တလန်မြို့နယ် မြို့နယ်နှင့် ရပ်/ကျေးပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ချင်းပြည်နယ် ထန်တလန်မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေး ပါတီကော်မတီဝင်များနှင့် ပါတီဝင်များအား ထန်တလန်မြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ မတ်လ (၂၃) ရက် မွန်းလွဲ ၁ နာရီခွဲခန့်က တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နှုတ်ခွန်းဆက်အမှာစကား ပြောကြား ခဲ့သည်။ မြို့နယ်ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှုများတင်ပြပြီး မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များက လိုအပ်ချက်များတင်ပြကြသည်။

ဆက်လက်၍ ဗဟိုအကြံပေး ဦးအောင်မင်းက မိတ်ဆက်အမှာစကားပြောကြားပြီးနောက် ပါတီဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအကြံပေး ဦးအောင်မင်း၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒေါက်တာအောင်မြတ်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မွန်းလွဲပိုင်းတွင် ဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖက်တီးလေး