“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် နေပြည်တော်အခြေစိုက် ပြည်တွင်းပြည်ပ သတင်းမီဒီ ယာ များတွေ့ဆုံ”

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် နေပြည်တော် အခြေစိုက်
ပြည် တွင်းပြည်ပသတင်းမီဒီအသီးသီးမှ သတင်းထောက်များနှင့်တွေ့ဆုံသည့်အခန်းအနားတစ်ရပ် ကို နေပြည် တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာန ချုပ် ၏အစည်းအဝေးခန်းမ (၂)တွင် ယနေ့ နေ့လည် ၁ နာရီခွဲအချိန်ကပြုလုပ်ခဲ့ကြသည်။
တွေ့ဆုံပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ၊ပါတီသတင်းထုတ်ပြန် ရေး အဖွဲ့ခေါင်းဆောင်ဦးပိုက်ထွေး၊ဗဟို အလုပ်မှုဆောင်ကော်မတီ ၀င် ဦးလှသိန်း၊ နှင့် ဗဟိုကော်မတီဝင်၊သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဒေါက်တာ ၀င်းအောင်ကျော် တို့ က သတင်း ထောက် များ၏ မေးမြန်းချက်များအပေါ် ဖြေကြားမှု အကျဉ်းချုပ် မှာ အောက်ပါ သအတိုင်းဖြစ်ပါသည်။

Right to Recall ကိစ္စ မေးမြန်းရာတွင် “ယခင် ပထမအကြိမ် လွှတ်တော် သက်တမ်းမှာကတည်းက Right to Recall ကိစ္စကို လွှတ်တော် တွင်းမှာ ဆွေးနွေးခဲ့ပါကြောင်း၊သို့ရာတွင် အောင်မြင်မှု မရရှိခဲ့ကြောင်း၊ ယခုဒုတိယ အကြိမ်လွှတ်တော် သက်တမ်းတွင် မဲဆန္ဒရှင် ပြည်သူလူ ထု ၏လိုလား ချက၊်တောင်းဆိုချက် အခြေအနေအရ ဆောင်ရွက်ရမည့် အချိန်အခါဖြစ်သဖြင့် မိမိတို့ပါတီ က ဦးဆောင်ပြီး၊မီမီတို့ လွှတ်တော် ကိုယ်စားလှယ် က လွှတ်တော် တွင် တင်ပြထားပါကြောင်း၊ တစ်ဆက် တည်းမှာ သက်ငယ်မုဒိမ်း မှု နှင့် ပတ်သက်၍ ထိရောက်သည့် ပြစ်ဒါဏ် ချမှတ် ပြဌာန်း နိုင်ရေး၊ ဆောင်ရွက် လျှက်ရှိပါကြောင်း ထို့ပြင် ဖွဲ့ စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံ ရုံးအဖွဲ့ ၀င်နှစ် ဦးကိုလည်း ဥပဒေ မှာပြဌာန်းထားသည့် သတ်မှတ် အရည် အချင်းများနှင့် ကိုက်ညီမှု မရှိသဖြင့် ခုံရုံးသို့ တိုက်ရိုက် ကန့်ကွက် လွှာ တင်ပြထားပါကြောင်း၊သက်ဆိုင်ရာ ဌာန များ၏ ဆောင်ရွက်မှု များကို စောင့်ကြည့် သွားရမည်ဖြစ်ပါကြောင်း” ဖြေကြားခဲ့ပါသည်။

ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ မေးမြန်းရာတွင် “လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ် (၁၉ )နေရာ လုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊လွှတ်တော် ကိုယ်စားလှယ် လောင်းများကို ဗဟိုမှ တိုက်ရိုက် သတ်မှတ်ပေးခြင်း မဟုတ်ပဲ ဒေသခံပြည်သူလူ ထု နှင့် ပါတီဝင်များက ယုံကြည် အားကိုး ထောက်ခံ သူများကို စိစစ်ရွေးချယ် ခဲ့ခြင်းဖြစ်ပါကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် လုပ်ထုံး လုပ်နည်း စည်းမျဉ်း စည်းကမ်း ဥပဒေ ၊ နည်းဥပဒေများနှင့် အညီ ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း” ဖြေကြားခဲ့သည်။

အနောက်တံခါးတွင် ထွက်ပြေးလာသူဟု ဆိုသူ အင်အား သုံးသိန်းခန့်ရှိနေကြောင်း နှင့် လက်ခံ သင့် မခံသင့် သဘောထားမေးမြန်း ချက်နှင့်ပတ်သက်၍ ပြန်လည်ဖြေကြားရာတွင် “မိမိတို့ပါတီသည် အမျိုးသားရေးနှင့် အမျိုးသားအကျိုး စီးပွားကို အလေးထားဆောင်ရွက် လျှက်ရှိ ပါကြောင်း၊အနောက်တံခါးတွင် အတည်မပြုနိုင်သေးသော သတင်းများအရ ထွက်ပြေးလာသည်ဟု ဆိုသူများကို စိစစ်လက်ခံရေးနှင့် အင်အား သုံး သိန်း ခန့်ရှိသည် ဟူသော သတင်းများထွက်ပေါ်လျှက်ရှိ ပါကြောင်း၊ မိမိတို့အနေဖြင့် လက်ခံရေးကိစ္စအား သေချာစွာ စိစစ်ပြီး စနစ်တကျ ဆောင်ရွက် ၍ပွင့်လင်းမြင်သာမှု ရှိအောင် သတင်းများ အချိန်မှီ ထုတ်ပြန်ပေးသင့်သည် ဟု ယူဆပါကြောင်း၊ အနောက်တံခါးတွင် ထွက်ပြေးလာသူ ဟုဆိုသူများ အား စိစစ်ပြန်ခေါ် လက်ခံရေး ကိစ္စများ ဖြစ်ပေါ်နေချိန်တွင် ရန်ကုန်မြို့၌လည်း ခရီးသည်များ သယ်ယူ ပို့ဆောင်ရေး စနစ် ပြောင်းလဲ မှုကြောင့် ပြည်သူများ အဆင်မပြေ မှု ၊ စိတ်အနှောက် အယှက် ဖြစ်မှုများ ကြုံတွေ့နေရသည့် ဖြစ်စဉ်မှာ တိုက်တိုက် ဆိုင်ဆိုင် ဖြစ်ပေါ်နေသည်ကိုတွေ့ရှိရ ပါကြောင်း၊ လက်ရှိ တွေ့ကြုံ နေရသည့် အခက်အခဲများ အပြင် အနောက်တံခါး ၌ ဖြစ်ပေါ်လာမည့် အမျိုးသားရေး ကိစ္စ ကိုလည်း လစ်လျူရှု့ မထားသကဲ့သို့ အမိမြေကို လည်း လုံခြုံအောင်ထိန်းသိမ်းကာကွယ် သွားသင့်ပါကြောင်း၊”ဖြေကြားခဲ့ပါသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက် ခြင်း သည် ကောင်မွန်သည့် ရည်ရွယ် ချက် လုပ်ဆောင်ချက်ဖြစ်ပါကြောင်း သို့ရာတွင် ငြိမ်းချမ်းရေး အား စကားလုံးလှလှ အပြော ချိုချို နှင့် လူကြားကောင်းပြီး တဒင်္ဂ စိတ်ချမ်းသာအောင် ပြော ဆိုခြင်းထက် အမှန် တကယ် အကျိုးရှိ အောင်မြင် မည့်နည်းလမ်းများကို ရှာ ဖွေ ညှိနှိုင်းဆောင်ရွက် သင့်ပါကြောင်း၊” စသည်ဖြင့်ဖြေ ကြားခဲ့သည်။

အဆိုပါတွေ့ဆုံ ပွဲ သို့ နေပြည်တော် အခြေစိုက် ပြည်တွင်းပြည်ပ သတင်း မီယာ များ ဖြစ်သည့် ELEVEN သတင်စာ ၊ပေါ်ပျူလာ ဂျာနယ်၊၊ Myanmar Time ဂျာနယ်၊ ပြည်ထောင်စုနေ့စဉ် သတင်းစာ ၊7 Day အွန်လိုင်း မီဒီယာ၊News Watch ဂျာနယ် ၊ဧရာဝတီ အွန်လိုင်း၊ MR tv -4 ရုပ်သံ ၊Sky Net ရုပ်သံ ၊RFA ရေဒီယို ၊ DVB TV ၊ဒီမိုကရေ စီ တူဒေး သတင်းစာ နှင့် Mizzima အွန်လိုင်း သတင်းမီဒီ ယာများမှ သတင်းထောက်များတက်ရောက်ခဲ့ကြသည်။