ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်နေသည့် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ခြင်း

  • ညီလာခံတက်ရောက်ဖြစ်ပုံနဲ့ ပါတီမှာတာဝန်ယူထားတဲ့အပိုင်းကို သိချင်ပါတယ်။

ကျွန်တော်ကတော့ ပြီးခဲ့တဲ့ ၂ဝ၁၅ကျမှ ပါတီထဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အရင်ကတော့ တပ်မတော်မှာ တာဝန် ထမ်းဆောင်ပြီးတော့ အငြိမ်းစားယူပြီးမှ ရွေးချယ်ခံခဲ့ရပြီး ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ပါတီရဲ့ လုပ်ဆောင်ချက်ကတော့ သီးခြားကာလတွေမှာလုပ် ခဲ့တာမရှိသေးပါဘူ။ လက်ရှိကာလတွေမှာပဲ ပါတီရဲ့ တာဝန်တွေကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

66442752-21082016

ဦးစိုင်းကျော်မိုး မိုင်းပန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မြို့နယ်ပြည်ခိုင်ဖြိုးပါတီနာယက

  • ပါတီမူဝါဒနဲ့ပတ်သက်ပြီးတော့သော်လည်းကောင်း၊ အခုပြည်ခိုင်ဖြိုးပါတီရဲ့ သွားနေတဲ့အပေါ်မှာ ပါတီရဲ့ သဘောထား ပြည်တွင်းငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ပါတီရဲ့သဘောထားအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ပတ်သက် ပြီးတော့ ပါတီရဲ့သဘောထားတွေနဲ့ပတ်သက်ပြီး သိချင်ပါတယ်။

ကျွန်တော်တို့ပါတီရဲ့ဦးတည်ချက်တွေရှိသလို ညီလာခံမှာလည်း ဦးတည်ချက်တွေချမှတ် ထားတာရှိပါတယ်။ အဲ့ဒီ ဦးတည်ချက်တွေကို ပြန်ကြည့်မယ်ဆိုရင် ပါတီတွင်း စည်းလုံးညီညွတ်မှုခိုင်မာရေး၊ ပါတီနဲ့ပြည်သူလူထုအတွင်းမှာ ပိုမိုထက်မြက်လာစေရေးဆိုတာကို နံပါတ်တစ်မှာ ထည့်ထားပါတယ်။ နံပါတ်နှစ်အချက်အနေနဲ့ကတော့ ဒီမိုကရေစီ ရှင်သန်ရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးဆိုပြီး ပါပါတယ်ခင်ဗျ။ နံပါတ်သုံးအချက်ကတော့ ပြည်သူတွေရဲ့ လူမှုစီးပွား ဘဝတိုးတက်လာစေရေးဆိုပြီး ပါပါတယ်ခင်ဗျ။ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာလည်းပါပါတယ်။ နံပါတ်လေးအချက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးကို ပါတီဝင်များက ဝိုင်းဝန်းဆောင်ရွက်ရေးဆိုတာပါပါတယ်။ စောစောကပြောတဲ့ ငြိမ်းချမ်းရေးနဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုတာလည်း နံပါတ်ငါးအချက်မှာ ပါပါတယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကိုအခြေပြုတဲ့ ပြည်ထောင်စု နိုင်ငံတော် အဓွန့်ရှည်အောင် တည်တံ့ခိုင်မြဲရေးအတွက်ဆိုပြီးတော့ ဦးတည်ချက်ငါးရပ်ထဲမှာ အားလုံးပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ပါတီဥက္ကဋ္ဌကြီး ဦးသိန်းစိန် လက်ထက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်နိုင်မှလည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ပိုပြီးတည်ဆောက်နိုင်မယ်ဆိုပြီးပါပါတယ်။ နောက်တစ်ခုကတော့ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်ကိုသွားနေတဲ့ အခြေ အနေဖြစ်ပါတယ်။ အဲ့ဒီတော့ ဖက်ဒရယ်စနစ်ကို အခြေခံတယ်ဆိုတာလည်း ၂ဝဝ၈  ဖွဲ့စည်းပုံမှာလည်း ဒီဖက်ဒရယ် စနစ်ကို အခြေခံထားပြီးတော့ ဖွဲ့စည်းပုံမှာထည့်ပြီး ဆွဲထားပြီးဖြစ်ပါတယ်။ သိပ်ပြီးတော့ မကွာပါဘူး။ ဖက်ဒရယ်စနစ် ဆိုတာလည်း ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေနဲ့ အာဏာခွဲဝေတာ တွေလုပ်တဲ့ကိစ္စပါတဲ့အတွက်ကြောင့် မို့လို့ ဒါနဲ့ပတ်သက်ပြီးတော့ ထွေထွေထူးထူး သီးခြားထပ်ပြီး လုပ်စရာမလိုပါဘူး။ အရင်အစိုးရလက်ထက်ကမူတွေ အတိုင်းသွားလို့ရှိရင်တော့ လက်ရှိအခြေအနေမှ သွားလို့ရမယ်။ ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့နေရာမှာ လည်း ငြိမ်းချမ်းရေးမူခြောက်ချက်နဲ့ ချမှတ်ထားပါတယ်။ အဲ့ဒီငြိမ်းချမ်းရေးမူအတိုင်းပဲ ကျွန်တော်တို့ပါတီအနေနဲ့ လည်းပဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။ ဒီမိုကရေစီ ရှင်သန်ရေးဆိုတာ နံပါတ်နှစ်အချက် ဖြစ်ပါတယ်။ အဲ့ဒီထဲမှာလည်း ကျွန်တော်တို့ပါတီအနေနဲ့ မြို့နယ်ရော၊ ရပ်/ကျေး တွေရောပြန်ပြီးတော့ မျက်နှာစုံညီ အစည်းအဝေးတွေ လုပ်ပါတယ်။ ပါတီတွင်း ပြန်လည်ဖွဲ့စည်းရေးတွေလည်း ကောင်းမွန်စွာလုပ်ခဲ့ပါတယ်။ နဂိုကတည်းက ကောင်းတာရှိပြီးဖြစ်တဲ့အတွက်ကြောင့် မူကတော့ ပြင်စရာမလိုဘဲနဲ့ ဒီထက်ပိုပြီးကောင်းတဲ့ ပြည်သူလူထုက ယုံကြည်အားကိုးပြီး ပြည်သူ့အကျိုး တာဝန်ထမ်းဆောင်မယ့်သူတွေကို ပါတီတွင်းမှာ ထဲထဲဝင်ဝင်ရောက်ရှိလာအောင်၊ ပြည်သူအားကိုးလို့ရတဲ့သူတွေဖြစ်အောင်ဆိုပြီးတော့ ရွေးချယ်ခဲ့ပါ တယ်။ ခရိုင်အဆင့်မှာ သေသေချာချာ ရွေးခဲ့ပါတယ်။ နောက်ပြီးတော့ မြို့နယ်အဆင့်မှာလည်း မဲစနစ်နဲ့ပဲ ပြည်သူ လူထုအားကိုးတဲ့သူတွေဖြစ်အောင် ရွေးချယ်ခဲ့ပါတယ်။ အခုလည်းပဲ ခရိုင်အဆင့်တွေ၊ တိုင်းဒေသကြီး၊ ပြည်နယ် အဆင့်တွေ မျက်နှာစုံညီအစည်းအဝေးတွေ ပြီးခဲ့ပါပြီ။ ၂ဝ၁၆ ခုနှစ်မှာ ကျွန်တော်တို့ပါတီရဲ့ ဒုတိယအကြိမ် ပြန်လုပ်တဲ့ ညီလာခံဖြစ်ပြီးတော့ ညီလာခံမှာလည်း ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ပြည်သူလူထု ထောက်ခံတဲ့၊ ယုံကြည်အားကိုးမှုရှိတဲ့၊ ခေါင်းဆောင်နိုင်တဲ့သူတွေကို ပြန်ပြီးတော့ ရွေးချယ် တင်မြှောက်ဖို့အတွက်လည်း လုပ်သွားမယ်လို့လည်း ယုံကြည် ပါတယ်။

နေထက်ဝေ


Leave a Reply