ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်နှင့် တွေ့ဆုံခြင်း

• ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံကို ကချင်ပြည်နယ် ကိုယ်စားလှယ်တစ်ဦးအနေနဲ့တက် ရောက်ဖို့လာတာ ဆိုတော့ ညီလာခံ တက်ရောက်ဖြစ်ပုံနဲ့ ပါတီမှာပါဝင် ဆောင်ရွက်မှုအခြေအနေတွေကို သိချင်တယ်။
ကျွန်တော်တို့ ကချင်ပြည် နယ်အဖွဲ့က မြို့နယ်၊ ခရိုင်၊ ပြည် နယ်ကိုယ်စားလှယ် ၄ဝ ကျော်လာ ရောက်တက်တာပါ။ ကျွန်တော် က ၁၉၉၄-၁၉၉၅ ကျွန်တော် ရှစ် တန်းကျောင်းသား ဘဝကတည်း က ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ အသင်းပေါ့။ လူမှုရေးကိစ္စတွေ ပါဝင်ဆောင် ရွက်မယ်ဆိုပြီး ဝင်ရောက်ခဲ့ပါ တယ်။ အဲဒီတုန်းကတည်းက အသင်းကဖွင့်တဲ့ သင်တန်းတွေ ကျွန်တော်တို့တက်ခဲ့ပါတယ်။ အဲဒီ ကမှ ရပ်ကွက်မှာ ကျွန်တော်စည်းရုံး ရေးမှူးဖြစ်ပါတယ်။ နောက်တော့ မြစ်ကြီးနားမြို့နယ်မှာ မြို့နယ် အလုပ်အမှုဆောင်၊ ကျွန်တော်က နည်းနည်း ထူးခြားတယ်။ နေတာ က မြစ်ကြီးနားမှာ၊ ဒါပေမဲ့ ၂ဝဝ၆ မှာ လဂျားယန်ဆိုတဲ့ မြို့ပျက်ကို ပြန်တည်တော့ မြို့နယ်အတွင်းရေး မှူးဆိုပြီး လူကြီးတွေက တင်ခဲ့ တယ်။ ကချင်အမျိုးသားတွေ ဖြစ် တော့ ကျွန်တော့်အတွက်က ကိစ္စ မရှိပါဘူး။ အဲဒီဒေသမှာ အသင်း အတွင်းရေးမှူးအဖြစ်နဲ့ပဲ လေးနှစ် တာ ထမ်းဆောင်ခဲ့တယ်။ ၂ဝ၁ဝ မှာ ပါတီဖြစ်လာတဲ့အတွက် ပါတီ အတွင်းရေးမှူး ဖြစ်လာတယ်။ ၂ဝ၁၂မှာပါတီ ပြန်လည်ရွေးချယ် တဲ့နေရာမှာခရိုင်အဆင့်ကနေ ပြည် နယ်ကော်မတီဝင် ဖြစ်ခဲ့ပါတယ်။ ဒီတစ်ခေါက်မှာလည်း ပြည်နယ် ကော်မတီဝင်အဖြစ် ပြန်လည် အရွေးချယ်ခံရတဲ့အတွက် ပြည် နယ်ကော်မတီဝင်အနေနဲ့လာရောက် ခဲ့တာပါ။

14102439_419743424867457_652154372877219291_n

ဦးဘရန်ရှောင် ပြည်နယ်ကော်မတီဝင်ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ


• ညီလာခံမှာပါတီရဲ့ ဦးတည် ချက်တွေရှိပါတယ်။ ပါတီရဲ့ ဦးတည်ချက်နဲ့ပတ်သက်ပြီး ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ညီလာခံမှာဆွေးနွေးကြမယ်။ အကောင်အထည် ဖော်ကြမယ်။ အစ်ကိုအနေနဲ့ရော ဘယ်လိုကိစ္စတွေမှာပါဝင် ဆောင်ရွက်သွားဖို့ရှိပါသလဲ။
ညီလာခံတက်မှာက ကျွန်တော့်အတွက် ပထမဆုံး အတွေ့အကြုံပါ။ ညီလာခံကရရှိမယ့် အချက်အလက်တွေနဲ့ ပါတီအကြီးအကဲတွေရဲ့ လမ်းညွှန်ချက်တွေ၊ အဓိက တော့ ငြိမ်းချမ်းရေးကိစ္စတွေနဲ့ တရားဥပဒေ စိုးမိုးရေးကိစ္စတွေကို ပြန်ပြီး သယ်ယူသွားပါမယ်။ ပြည်နယ်ပြန်ရောက်ရင်ကျေးလက်နဲ့ မြို့နယ်တွေမှာ ပါတီမူဝါဒနဲ့ ပတ်သက်ပြီး ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို ချပြဆွေးနွေး ပြီး လုပ်ဆောင်သွားပါမယ်။ ပါတီ ရဲ့ ဦးတည်ချက်ထဲမှာပါတဲ့ ပြည် တွင်းငြိမ်းချမ်းရေးဟာ အရေးကြီး တယ်လို့ ကျွန်တော်တို့ ခံယူပါ တယ်။ အားလုံးလည်း သိတဲ့ အတိုင်းပဲ ၂ဝ၁၂လောက်မှာ တိုက် ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာ ဒီအချိန်ထိပဲပေါ့။ ကျွန်တော်တို့ မြစ်ကြီးနားမြို့မှာလည်းမိုင်းကွဲတာ တို့ ဘာတို့ အားလုံးကြားဖူးကြ ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်ပြည်သူ အားလုံး အေးအေးချမ်းချမ်းနေ တာကို ကျွန်တော်တို့က သဘော ကျပါတယ်။ အဲဒီလိုလည်း နေစေ ချင်ပါတယ်။ ပြည်သူလူထုဆို အေးအေးချမ်းချမ်းဖြစ်အောင် ကျွန် တော်တို့ပါတီမှာလည်းဦးတည်ချက် တွေ၊ ရည်ရွယ်ချက်တွေ ချမှတ် ဆောင်ရွက်နေတာရှိတယ်။ ကျွန် တော်တို့ပါတီ အစိုးရသက်တမ်း တစ်လျှောက်လုံးမှာ သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်ပြီး ငြိမ်းချမ်း ရေး ဆောင်ရွက်ခဲ့တာတွေရှိပါ တယ်။ လက်နက်ကိုင်အဖွဲ့အစည်း တွေခေါ်တယ်။ တွေ့ဆုံတယ်။ ဆွေးနွေးတယ်။ ဒါတွေအားလုံးကိုလည်း ကျွန်တော်တို့ မြင်ရတွေ့ရ ကြားရပါတယ်။ ကျွန်တော်တို့ပါတီ အနေနဲ့လည်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ခဲ့တာတွေကို ပြည်သူကို ချပြတာရှိပါတယ်။ ဒီညီလာခံမှာလည်း ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ရမှာ ရှိကောင်းရှိပါမယ်။ ကျွန်တော့်အနေနဲ့ ပါတီဝင်တစ် ယောက်အနေနဲ့သော်လည်းကောင်း၊ ကချင်ပြည်နယ်မှာနေတဲ့ ကချင်တိုင်းရင်းသား တစ်ယောက် အနေနဲ့ သော်လည်းကောင်း ငြိမ်းချမ်းရေး ကြီးအောင်မြင်စေချင်တဲ့ ဆန္ဒရှိပါတယ်။ ကျွန်တော်အနေနဲ့ ဒီပါတီမှာ ဝင်ရောက်လုပ်ဆောင်နေခြင်းဟာလည်း ငြိမ်းချမ်းရေး အတွက် တစ်ခန်းတစ်ကဏ္ဍကနေ အုတ် တစ်ချပ်၊ သဲတစ်ပွင့်အနေနဲ့ ပါဝင် ဆောင်ရွက်နေခြင်းဖြစ်ပါတယ်။

• ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဘာ ကြောင့် ရှုံးနိမ့်ခဲ့ရသလဲ။ ရှေ့ဆက် ပြီးအောင်မြင်မှုတွေရအောင်ဘယ် လိုဆောင်ရွက်သွားမလဲဆိုတာ သိချင်ပါတယ်။

ကျွန်တော်တို့ဆီမှာ ရွေးကောက်ပွဲရှုံးရတဲ့အကြောင်းအရင်းက ကျွန်တော်တို့ပါတီညံ့လို့ မဟုတ်ဘူးလို့ ရဲရဲကြီးအာမခံရဲပါတယ်။ ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီ ဆိုတာ လည်း ပြည်ထောင်စုပါတီဖြစ်ပါတယ်။ ကချင်၊ ဗမာ၊ ရှမ်း အားလုံးပါပါတယ်။ ကျွန်တော်တို့ ရှုံးရတာက နယ်မြေရဲ့ အခြေအပေါ့။ နယ်မြေ မတည်ငြိမ်မှုရဲ့ အကျိုး ဆက်ပေါ့။ အရင်ကလည်း ပြည်သူအကျိုးဆောင် ရွက်ပေးခဲ့တယ်။ အခုငါးနှစ် အတွင်းမှာလည်း ပြည်သူလူထုရဲ့ ယုံကြည်မှုရအောင် ပြည်သူ့အကျိုး ဆောင်ရွက်ပြီး ၂ဝ၂ဝ မှာ ကျွန်တော် တို့ပါတီ ပြန်လည်အနိုင်ရရှိမယ်လို့ ထင်ပါတယ်။ ။

နေထက်ဝေ


Leave a Reply