ပြည်နယ်ကော်မတီဝင်နှင့်အဖွဲ့ မိုင်းဆတ်ခရိုင်/မြို့နယ်နှင့် မိုင်းတုံမြို့ရှိ အမျိုးသမီးရေးရာအဖွဲ့များဖြင့် တွေ့ဆုံ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်ပါတီကော်မတီဝင်၊ ရှမ်း(အရှေ့) အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်ဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ် ကော်မတီဝင် ဦးစိုးကျော်အောင်၊ မြို့နယ်(အရန်)ကော်မတီဝင် ဦးထက်အောင်၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်နာ လော်ဘိုနှင့် ပါတီလူငယ် များသည် ဒီဇင်ဘာ (၂၇) ရက်နေ့ မိုင်းဆတ်ခရိုင်/မြို့နယ်နှင့် မိုင်းတုံမြို့နယ်ရှိ ပါတီဝင် အမျိုးသမီးအဖွဲ့များဖြင့် သွားရောက်တွေ့ဆုံခဲ့သည်။

ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်သည့် အဖွဲ့သည် နံနက် (၉) နာရီခွဲအချိန်တွင် မိုင်းဆတ်မြို့ သို့ရောက်ရှိရာ မိုင်းဆတ်ခရိုင်ဥက္ကဋ္ဌ ဦးစိုင်းခတ္တိယ၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းမိုးဇော်ဦးတို့မှ ခရီးဦးကြိုဆိုပြီး တွေ့ဆုံပွဲကို နံနက်(၉း၄၅)အချိန်တွင် စတင်ခဲ့ပါသည်။

တွေ့ဆုံရာတွင် ပြည်နယ်ကော်မတီဝင် ဒေါ်တင်မေထွန်းက ပါတီဌာနချုပ်မှ အမျိုးသမီးရေးရာလုပ်ငန်းများအပေါ် လမ်းညွှန်ချက်များကို အသေးစိပ် ရှင်းလင်းပြီး ပါတီအမျိုးသမီးအဖွဲ့ တိုး၍ဖွဲ့စည်းသွားရေးနှင့် ရှေ့လုပ်ငန်းစဉ် ကိစ္စ များအား ရှင်းလင်းခြင်း၊ ရေးရာကဏ္ဍပ်များနှင့် ပတ်သက်သည်များကို ချပြဆွေးနွေးခဲ့ပြီး မိုင်းဆတ်ခရိုင် အမျိုးသမီး ခေါင်းဆောင် ဒေါ်ခင်ယုဆွေမှ မိမိတို့လုပ်ဆောင်နေသည့် လုပ်ငန်းများအား ပြန်လည်းနွေးဆွေးတင်ပြခြင်း၊ မိုင်းတုံမြို့နယ် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်မျိုးသန်းမှ မိုင်ဆတ်ခရိုင်ဖြင့် ပူးပေါင်းလုပ်ဆောင်ရှိပြီး မိမိမြို့ရှိ အမျိုးသမီးများကိုလည်း စည်းရုံးထားရှိကြောင်းကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းမှ လိုအပ်သည်အချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ဆက်လက်္က တက်ရောက်လာသော မိုင်းဆတ်ခရိုင်/မြို့နယ်၊ မိုင်းတုံမြို့အတွက် အမျိုးသမီးဝတ်စုံ(၆)စုံအား ပေးအပ်ပြီး အစည်းအဝေးကို (၁၁း၃၀) အချိန် တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
# Myo Thant