ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့်အဖွဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး စည်းရုံးရေးဆောင်ရွက်

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မဲဆန္ဒနယ်အမှတ် ၂ ကျိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှာမွေလရှဲန်၊ ကျိုင်းတုံမြို့နယ် ပါတီကော်မတီဝင် ဦးအားဂါ၊ စည်းရုံးရေးမှူး ဦးယာဘိုးတီတို့သည် ဖေဖော်ဝါရီ (၁၃) ရက်နံနက် (၁၀) နာရီ မှ မွန်းတည့် (၁၂) နာရီအချိန်ထိ ကျိုင်းတုံမြို့ဈ မိုင်းခွန်ကျေးရွာအုပ်စု၊ နောင်ပလာရွာသို့ လည်းကောင်း၊ နေ့လည် (၁) နာရီအချိန်မှ (၂) နာရီခွဲအချိန်အထိ ကျိင်းတုံမြို့ မိုင်းခွန်ကျေးရွာ အုပ်စု ဟွေဟွဲရွှာသို့လည်းကောင်း သွားရောက်၍ ဒေသ ခံပြည်သူများနှင့် တွေ့ဆုံကာ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

# ရှမ်းပြည်နယ်အရှေ့ပိုင်းသတင်းစုံ