ပြည်နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ပုဏ္ဏားကျွန်းမြို့နယ် ရပ်/ကျေး ခေါင်းဆောင်များနှင့် တွေ့ဆုံ

ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် မတ်လ ၅ ရက်နေ့ နေ့လည် ၂ နာရီက ပုဏ္ဏားကျွန်းမြို့နယ် ရပ်/ကျေးခေါင်းဆောင်များအား ပုဏ္ဏားကျွန်းမြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီ အတွင်းရေး မှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ပါတီဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော်မတီဝင်)၊ ဦးစန်းငွေ (ပြည်နယ်ပါတီကော်မတီဝင်)၊ ဒေါ်ခိုင်ဇင်ဦး (ပြည်နယ်ကော်မတီဝင်)၊ ပြည်နယ်အရန်ကော်မတီဝင် ဦးသိန်းနု (ကျောက်ဖြူခရိုင်ပါတီဥက္ကဋ္ဌ)၊ ပုဏ္ဏားကျွန်းမြို့နယ် ယာယီဥက္ကဋ္ဌ ဦးမောင်ကျော်ဇံနှင့် ရပ်/ကျေး ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ ပါတီတွင်းစည်းလုံးညီညွတ်မှုရရှိစေရေး ကိစ္စရပ်များ၊ ပါတီဝင်ကြေး၊ နှစ်စဉ်ကြေးကိစ္စရပ်များအား အကျယ်တ၀င့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။