ပြည်နယ်ပါတီအတွင်းရေးမှူး တောင်ကုတ်မြို့နယ်ပါတီနှင့်တွေ့ဆုံ ရှေ့ဆက်လုပ်ကိုင်ရ မည့်လုပ်ငန်းစဉ်များအား ရှင်းလင်း ပြောကြား

 

ရခိုင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်း ရေးမှူးဦးသန်းဝေ(ဗဟိုကော်မတီဝင်) သည် တောင်ကုတ်မြို့နယ်ပါတီ၏ ရှေ့ဆက်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များအား တောင်ကုတ် မြို့နယ်ပါတီကော်မတီဝင်များနှင့် ယခုလ ၁ဝရက် မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ တွင် တွေ့ဆုံခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံရာတွင် ဦးသန်းဝေကပြည်နယ်ပါတီအနေဖြင့် လုပ်ကိုင်ဆောင်ရွက်ထားရှိမှုအခြေ အနေများ၊ မြို့နယ်ပါတီအနေဖြင့် ရှေ့ဆက်လုပ်ဆောင်သွားရမည့် ပါတီလုပ်ငန်းပိုင်းဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ယင်း နောက် ဗဟိုကော်မတီဝင် ပြည် နယ်ကော်မတီဝင် ဦးထွန်းဝေ၊ သံတွဲခရိုင်ကော်မတီဝင် ဦးစော အောင်(မြို့နယ်တာဝန်ခံ)နှင့် မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးကျော်သီးတို့က မြို့နယ်ကော်မတီဝင်များအနေဖြင့် လစဉ်လုပ်ဆောင်ရမည့်လုပ်ငန်း စဉ်များ၊ ရပ်/ကျေးခေါင်းဆောင် များနှင့် ပူးတွဲလုပ်ဆောင်ရမည့် ကိစ္စရပ်များအား အသေးစိတ်ရှင်း လင်းပြောကြားခဲ့ကြသည်။

ယင်းနောက် မြို့နယ်ကော်မတီ ဝင်များက မိမိတို့တာဝန်ယူထား ရသော နယ်မြေ၏ ပကတိမြေပြင် အခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ကြပြီး ပါတီလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးသန်းဝေနှင့် တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်း ဖြေရှင်းပေးခဲ့ကြသည်။

နေချိုသွေး