ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ (ရှမ်းအရှေ့) ကျိုင်းတုံသို့ ရောက်ရှိ

 

၁၃ – ၃- ၂၀၁၇ ရက်နေ့၊ နေ့လည်( ၁၂ : ၅၀ )အချိန်တွင် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် အထွေထွေအတွင်းရေး မှူး ဦးသက်နိုင်ဝင်း ၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်၊ ဗဟိုအတိုင်ပင်ခံ ဦးစစ်ဝ်အာင်မြတ်၊ ဗဟိုကော်မတီဝင်ဒေါက်တာ နန္ဒာလှမြင့်တို့နှင့်အတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့ လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာခဲ့ကြ ပါသည်။

ကျိုင်းတုံလေဆိပ်တွင် ရှမ်းပြည်နယ် ပါတီဥက္ကဌ ၊ စိုင်းသန်းဝင်းနှင့်အတူ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းကျော်လှနှင့် ပြည်နယ်ကော်မတီဝင်များက ခရီးဦးကြိုဆိုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ကနဦးသတင်း ရရှိပါသည်။