ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မိုင်းဖြတ်၊ မိုင်းယောင်း ပါတီဝင်များဖြင့် တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) သို့ရောက်ရှိနေသော ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ပါတီအကြီးအကဲများ သည် မိုင်းဖြတ်မြို့သို့ ယမန်နေ့ နေ့လည်(၁၄:၄၅) အချိန်တွင်ရောက်ရှိရာ မိုင်းဖြတ်ပြည်ခိုင်ဖြိုးရုံးတွင် ခရိုင်ပါတီဥက္ကဌ ဦးစိုင်းညွန့်ဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရီတစ်၊ မိုင်းယောင်းမြို့နယ် ဥက္ကဌ ဦးစိုင်းအောင်ခမ်း နှင့် အတူ ဒေသခံ တိုင်းရင်းသားများမှ ခရီးဦးကြိုဆိုခဲ့ကြပါသည်။

 

ဆက်လက်ပြီး မိုင်းဖြတ်ပြည်ခိုင်ဖြိုးရုံးအစည်းအဝေးခန်းမတွင် မိုင်းဖြတ်မြို့ရှိ မြို့မိ၊မြို့ဖများနှင့် အတူ မိုင်းဖြတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ် ပါတီဥက္ကဌများ ရပ်ကွက်/ ကျေးရွာအုပ်စု ပါတီခေါင်းဆောင်များ၊ စုစုပေါင်းအင်အား(၂၀၀)ကျော်ဖြင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

# Myo Thant