ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော်သည် ယခုလ ၉ ရက် နံနက် ၉ နာရီက ကော့ကရိတ်မြို့နယ် ကော့ဝါလဲကျေးရွာအုပ်စု နောင်တမံကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးအတွက် ကျောင်း ဆောင်သစ်ပန္နက်ရိုက်ခြင်း အခမ်းအနားတွင် ကိုယ်တိုင်ပန္နက်ရိုက်ခြင်း၊ ကျောင်းဆောင်သစ်အတွက် အလှူငွေ ကျပ်တစ်သိန်း လှူဒါန်းခြင်း၊ ကော့ပလံ ကျေးရွာဖျော်ဖြေရေးဒုံးအဖွဲ့အတွက် အလှူငွေကျပ် သုံးသောင်း ချီးမြှင့်ခြင်း၊ နိုင်ငံတော်မှပေးအပ်ချီးမြင့်သော သာသနာဘွဲ့တံဆိပ်တော်ရ မြို့မကျောင်း ဆရာတော်အား အလှူငွေကျပ်သုံးသောင်းကပ် လှူပူဇော်ခြင်း၊ ကမ်းနီပရိယတ္တိကျောင်း ဆရာတော်အား အလှူငွေကျပ်သုံးသောင်းကပ်လှူခြင်းများ ပြုလုပ်ခဲ့သည်။

ညနေ၆နာရီတွင် (၁၉၁) ကြိမ်မြောက်ကျုံဒိုးမီး ပုံပွဲတွင် ကရင်ပြည်နယ်လုံးဆိုင်ရာ နယ်လုံးကျွတ် မီးပုံပွဲဖွင့်ပွဲအခမ်းအနားသို့ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်

ထူးထူး(ဘားအံ)