ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီ သူရဦးအေးမြင့် ဗန်းမောက်မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင် ကော်မတီ သူရဦးအေးမြင့်သည် ယခုလ ၁၇ ရက် နံနက် ၉နာရီခွဲ တွင် ဗန်းမောက်မြို့နယ် ပါတီရုံးသို့ ရောက်ရှိပြီး မြို့နယ်ပါတီကော်မတီ ဝင်များ၊ စည်းရုံးရေးမှူးများနှင့် တွေ့ဆုံ၍ပါတီစည်းရုံးရေးလုပ်ငန်း များနှင့်ပတ်သက်ပြီး ပါတီဥက္ကဋ္ဌ ဦးရဲအောင်၏ တင်ပြချက်များ အပေါ် ညှိနှိုင်းဆွေးနွေးဆောင်ရွက် ပေးခဲ့သည်။

ဆက်လက်၍ ယခုလ ၁၈ ရက် နံနက် ၇ နာရီခွဲတွင် ကသာ မြို့သို့သွားရောက်ပြီး ကသာခရိုင် ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကသာခရိုင် ကသာ မြို့နယ်နှင့် အင်းတော်မြို့နယ်များမှ ပါတီကော်မတီဝင်များနှင့် အရန် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ကာ ကသာခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်း အောင်ဝင်း၊ အင်းတော်မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါ်သူသူဇင်၊ ကသာ မြို့နယ်ပါတီကော်မတီဝင်ဦးအောင် မြင့်တို့၏ တင်ပြချက်အသီးသီးတို့ ကို ဖြေရှင်းဆွေးနွေးညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။
ထို့နောက် ကသာမြို့မှ ဆက် လက်ထွက်ခွာလာပြီး မွန်းတည့် ၁၂ နာရီတွင် ထီးချိုင့်မြို့နယ်ပါတီ ရုံးသို့ရောက်ရှိပြီး မြို့နယ်ပါတီ ကော်မတီဝင်များနှင့်တွေ့ဆုံပွဲသို့ တက်ရောက်ကာ ပါတီဥက္ကဋ္ဌဦးစိန် ကြိုင်၏တင်ပြချက်များအပေါ် ညှိ နှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနား များသို့ ပြည်ခိုင်ဖြိုးပါတီမှ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမြင့်သိန်း(စစ်ကိုင်းတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ)၊ ဗဟိုကော် မတီဝင်များဖြစ်ကြသည့်ဦးမင်းမင်း ဇေယျာမြင့်(ပါတီလုပ်ငန်းစိစစ်ရေး)၊ ဒေါ်သိင်္ဂီဝင်းရွှေ(တိုင်းဒေသကြီး ပါတီစာရင်းစစ်)၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးအောင်ကိုစံနှင့်ဦးမြင့်တင်၊ ရွှေဘို ခရိုင်ပါတီဥက္ကဋ္ဌဦးစိုးအေးနှင့် ခရိုင် ပါတီကော်မတီဝင်များတက်ရောက် ကြသည်။

အေးဇေယျာ