ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဦးဌေးဦး ဟင်္သာတမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ ဦးဌေးဦးသည် ဟင်္သာတ ခရိုင် စက္ခုပါလဒိဖောင်ဒေးရှင်း အဖွဲ့ဝင်များ၊ ဟင်္သာ စေတနာနယ် လှည့်ဆေးကုသရေးအဖွဲ့ ဝင်များ၊ ဒီဃာယုဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်နှင့် မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များနှင့် ရပ်မိရပ်ဖများသည် ယခုလ ၁၈ ရက် နံနက်ပိုင်းက ဟင်္သာနေခြည် ဘက်စုံဖွံ့ဖြိုးရေးစင်တာ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဦးဌေးဦး က ယခုဖွဲ့စည်းထားသော အဖွဲ့အစည်းများသည် ဟင်္သာတမြို့ အကျိုးအတွက်ဆောင်ရွက်ရန်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ ဟင်္သာတ ခရိုင် စက္ခု ပါလဒိဖောင်ဒေးရှင်း အနေဖြင့် မျက်စိအခမဲ့ခွဲစိတ်ခြင်း ကိုးကြိမ်ဆောင်ရွက်ခဲ့ပြီး အအောင်မြင်ဆုံးဖြစ်ခဲ့ကြောင်း၊ ကိုရီးယားမှ ကျွမ်းကျင်ပညာရှင် ဆရာဝန်ကြီးများနှင့် ပူးပေါင်းဆောင်ရွက်သည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ အခမဲ့ ခွဲစိတ်ခြင်းကိုလည်း သုံးကြိမ် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ စက္ခု ပါလဒိ ဖောင်ဒေးရှင်းအနေဖြင့် မကြာမီ ဒသမ အကြိမ်မြောက် ခွဲ စိတ်ကုသရန်ရှိကြောင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲခွဲစိတ်ရန်အတွက် ကိုရီးယားဆရာဝန်ကြီးများ မေလတွင် လာရောက်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ထိုသို့ဆောင်ရွက်ရာတွင် အစိုးရအုပ်ချုပ်မှုအဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွက်ရကြောင်း၊ မိမိတို့အနေဖြင့် ဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ အမျိုးသမီးရေးရာအဖွဲ့အနေဖြင့်လည်း စက်ချုပ်သင်တန်းများ ဆက်လက်ဖွင့်လှစ်ရေးအတွက် သက်ဆိုင်ရာထံတင် ပြသွားရန်လိုအပ်ကြောင်း၊ သို့ဖြစ် ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကရည်ရွယ်ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နယ်မြေအကျိုးအတွက် အဓိကရည်ရွယ်ပြီး အစိုးရအုပ်ချုပ်မှုအဖွဲ့များ၊ ဝါသနာတူသူ များနှင့် ပေါင်းစပ်ဆောင်ရွက် သွားကြမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ထို့နောက်ပရဟိတအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေး ရာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်ရန် တင်ပြဆွေးနွေးခဲ့ကြပြီးပြည်ခိုင်ဖြိုး ပါတီဗဟိုနာယက ဗဟိုဦးဆောင် ကော်မတီဝင်ဦးဌေးဦးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေး ခဲ့ကြောင်း သိရသည်။

Union daily