ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်အား တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ (CNNIE-NGO) မှ အထွေထွေအတွင်းရေးမှူး Mr. You Jianhua ခေါင်းဆောင်သောအဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီ နာယကဦးသိန်းစိန်အား တရုတ်ပြည်သူ့ သမ္မတ နိုင်ငံမှ China NGO Network for International Exchanges (CNNIE)မှအထွေထွေ အတွင်းရေးမှူး Mr. You Jianhua ခေါင်းဆောင်သောအဖွဲ့ နိုဝင်ဘာ (၂၂) ရက် နံနက် (၁၀) နာရီခွဲအချိန်က နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ဧည့်ခန်းမဆောင်တွင်လာရောက်တွေ့ဆုံခဲ့သည်။

15109497_1113011965415428_4193981263171540597_n 15095049_1113011955415429_2767766793662067808_n

ထိုသို့တွေ့ဆုံရာတွင် ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်က မြန်မာနိုင်ငံအတွင်း ကျောင်းမနေနိုင်သော ကလေးသူငယ်များ ၊ပညာသင်ကြားနိုင်ရေး၊ကျောင်းဆောင်နှင့် စာသင်ခုံ၊ပရိဘောဂများ ၊သင်ထောက်ကူ ပစ္စည်း များ ထောက်ပံ့ကူညီနိုင်ရေး ၊မွေးကင်းစကလေးများ နှင့် ငါးနှစ်အောက် ကလေးသူငယ်များ သေဆုံးမှုနည်းပါးရေး၊ ဆင်းရဲနွမ်းပါးမှုများ လျော့နည်းရေးလိုအပ်ချက်များ ကူညီပေးရေး၊ စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည့် အားလျော်စွာ တောင်သူလယ်သမားများအတွက် အကျိုးပြုမည့် စိုက်ပျိုးရေးဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုများ ကူညီပေးရေး၊ ကျေးလက်ဒေသ လျှပ်စစ်မီးလင်းရေး၊ ဆက်သွယ်ရေးလမ်းများ ကောင်းမွန်စေရေး၊ကိစ္စရပ်များကို ဦးစားပေးကူညီပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ယနေ့လာရောက်တွေ့ဆုံသည့် China NGO Network for International Exchanges (CNNIE)အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းရှိ NGO အဖွဲ့များကို စီမံခန့်ခွဲပေးလျှက်ရှိသော အဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်ပြီး နိုင်ငံတကာတို့နှင့် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိသော အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်းလည်း သိရှိရသည်။

ယင်းတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီနာယက ဦးသိန်းစိန်နှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများဖြစ်ကြသော ဦးပိုက်ထွေး၊ ဦးသန်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ (CNNIE) မှ အထွေထွေအတွင်းရေးမှူး Mr. You Jianhua အပါအ၀င် ကိုယ်စားလှယ် ၃ ဦး တက်ရောက်ခဲ့ကြသည်။


Leave a Reply