ပြည်ခိုင်ဖြိုးပါတီ ဗဟိုအကြံပေးဦးသိန်းအောင် လွိုင်ကော်မြို့ မင်းကျောင်းဆရာတော်အား လှူဖွယ်ပစ္စည်း ဆက်ကပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအကြံပေး ဦးသိန်းအောင်၊ ဗဟို အလုပ်အမှုဆောင် ဦးလှသိန်းဆွေ၊ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ်၊ ပြည်နယ်ပါတီ နာယကများ၊ ပြည်နယ်/ခရိုင်/ မြို့ နယ်ကော်မတီဝင်များလိုက်ပါလျက် ယခုလ ၂၂ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ မင်းကျောင်းဆရာ တော်အား လှူဖွယ်ပစ္စည်းနှင့် နဝကမ္မ အလှူငွေဖြင့် သွားရောက် ဖူးမြော်ကန်တော့ခဲ့သည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး ဦးသိန်းအောင်၊ ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ်(ငြိမ်း)သည် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌ မိတ်ဟောင်းဆွေဟောင်းများ၊ လုပ်ဖော်ကိုင်ဖက်များ၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းဆွေ၊ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်၊ ဗဟိုကော် မတီဝင်များ၊ ပြည်နယ်ပါတီနာယကများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်ပါတီများမှ ပါတီအဆင့်ဆင့်တာဝန် ရှိသူများအား ယင်းနေ့ ည ၆ နာရီခွဲ တွင် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
မမောင်(ချိကယ်သူ)