ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း အား ဆွစ်ဇာလန်နိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ အကြီးတန်းအကြံပေးပုဂ္ဂိုလ် လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းအား ဆွစ်ဇာလန်နိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာ အကြီးတန်းအကြံပေးပုဂ္ဂိုလ် Ms. Claudine Haenni က ယနေ့ (ဖေဖော်ဝါရီ ၁၅ ရက်) နံနက် (၁၀) နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမဆောင်သို့ လာရောက်တွေ့ဆုံ သည်

 

ထိုသို့တွေ့ဆုံရာတွင် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်သည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖံွ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌနှင့်အတူ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး တို့ တက်ရောက်ခဲ့ကြပြီး ဆွစ်ဇာလန်နိုင်ငံမှ ငြိမ်းချမ်း ရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် Ms. Claudine Haenni နှင့်အတူ ကိုကျော်စိုးလွင်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။