ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ရပ်စောက်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မြို့နယ်ကော်မတီဝင်များ ရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့် ဆွေ့ဆုံပွဲအခမ်းအနားကို ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပါသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေ ထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေး၊ ပါတီဗဟိုအလုပ်အမှူဆောင် ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်ထွန်း၊ ရှမ်းပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ခရိုင် မြို့နယ် ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

Crd;