ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ကရင်ပြည်နယ်ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံသည့် အခမ်းအနား တစ်ရပ်ကို ယနေ့မွန်းလွဲ ၃ နာရီခွဲက ဘားအံပြည်နယ်ပါတီရုံး ဒေါနအစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။
တွေ့ဆုံပွဲတွင် ပါတီမြို့နယ် အဆင့်ဆင့်ဖြစ် သော ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်၊ ဖာပွန်၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များမှ ပါတီဥက္ကဋ္ဌများက ၄င်းတို့မြို့နယ်အလိုက် ဆောင် ရွက်ထားရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့ပြင် ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးစောမြင့်ဦးက မြို့နယ်အဆင့်ဆင့် ပါတီဥက္ကဋ္ဌ များက တင်ပြချက်များအပေါ် ခြုံငုံသုံးသပ်၍ ဆက်လက်ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ကရင်ပြည်နယ် မြို့နယ် အဆင့်ဆင့် ပါတီအလိုက် ရှင်းလင်းတင်ပြဆွေးနွေး ချက်များအပေါ် လမ်းညွှန်အမှာစကားပြောကြား ခဲ့သည်။
ဥက္ကဋ္ဌဦးသန်းဌေးက ထို့သို့ လမ်းညွှန်အမှာ စကားပြောကြားရာတွင် ရွေးကောက်ပွဲဆိုင်ရာအခြေ အနေများနှင့်ပတ်သက်၍လည်းကောင်း၊ ပြန်လည် ဖွဲ့စည်းထားသည့် ပါတီအတွင်းကဏ္ဍအလိုက် ဆောင် ရွက်ချက်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီများ အနေဖြင့်လည်း ရှေ့ဆက်ဆောင်ရွက်ရန် လိုအပ် သည့်အခြေအနေများ၊ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့
ကရင်ပြည်နယ်ပါတီဝင်များနှင့်တွေ့ဆုံ
ဘားအံ ဖေဖော်ဝါရီ ၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့်တွေ့ဆုံသည့် အခမ်းအနား တစ်ရပ်ကို ယနေ့မွန်းလွဲ ၃ နာရီခွဲက ဘားအံပြည်နယ်ပါတီရုံး ဒေါနအစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။
တွေ့ဆုံပွဲတွင် ပါတီမြို့နယ် အဆင့်ဆင့်ဖြစ် သော ဘားအံ၊ လှိုင်းဘွဲ၊ သံတောင်၊ ဖာပွန်၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များမှ ပါတီဥက္ကဋ္ဌများက ၄င်းတို့မြို့နယ်အလိုက် ဆောင် ရွက်ထားရှိမှုများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့ပြင် ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးစောမြင့်ဦးက မြို့နယ်အဆင့်ဆင့် ပါတီဥက္ကဋ္ဌ များက တင်ပြချက်များအပေါ် ခြုံငုံသုံးသပ်၍ ဆက်လက်ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ကရင်ပြည်နယ် မြို့နယ် အဆင့်ဆင့် ပါတီအလိုက် ရှင်းလင်းတင်ပြဆွေးနွေး ချက်များအပေါ် လမ်းညွှန်အမှာစကားပြောကြား ခဲ့သည်။
ဥက္ကဋ္ဌဦးသန်းဌေးက ထို့သို့ လမ်းညွှန်အမှာ စကားပြောကြားရာတွင် ရွေးကောက်ပွဲဆိုင်ရာအခြေ အနေများနှင့်ပတ်သက်၍လည်းကောင်း၊ ပြန်လည် ဖွဲ့စည်းထားသည့် ပါတီအတွင်းကဏ္ဍအလိုက် ဆောင် ရွက်ချက်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပါတီများ အနေဖြင့်လည်း ရှေ့ဆက်ဆောင်ရွက်ရန် လိုအပ် သည့်အခြေအနေများ၊
ပါတီဝင်အင်အားစိစစ်ချက် ပြုလုပ်ရန်လိုသောအခြေအနေများ၊ ပါတီ အောင်နိုင်ရေးနှင့်ပတ်သက်၍ လုပ်ဆောင်ရန်လိုအပ်သည့်အခြေအနေ များနှင့် လုပ်ဆောင်ရမည့်အခြေအနေများ၊ မီဒီယာအခန်းကဏ္ဍတွင် လည်း ပါတီဝင်များအနေဖြင့် ဆိုရှယ်မီဒီယာအပိုင်း အားကောင်းခိုင်မာ နေရမည်ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ တိုက်တွန်းမှာကြားခဲ့သည်။ ထို့ပြင် ပြည်ခိုင်ဖြိုးပါတီသည် အမျိုးဘာသာ သာသနာနှင့်ပတ်သက်လာလျှင် ပြည်သူများဘက်မှ မားမားမတ်မတ်ရပ်တည်လျက်ရှိသောကြောင့် မိမိတို့ပြည်သူလူထု အမျိုးသားအကျိုးစီးပွားအတွက်ဆိုပါက ထောက်ပြ ပြောဆိုသင့်သည်များတွေ့ရှိလျှင်လည်း ပြည်သူများဘက်မှရပ်တည်ပြီး ပြည်သူ့ကိုယ်စား ထောက်ပြပြောဆိုနေကြရန်နှင့် လုပ်သင့်လုပ်ထိုက် သည်များကိုလည်း ပါဝင်လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း ကရင်ပြည် နယ်ပါတီဝင်များသို့ မှာကြားခဲ့သည်။
ထိုအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူးဦးသက်နိုင်ဝင်း၊ ဗဟို အတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးလှသိန်းနှင့် ဦးသူရိန်ဇော်၊ ပါတီဗဟိုကော်မတီဝင် ဦးဝဏ္ဏမောင်လွင်၊ အရန်ဗဟိုကော်မတီဝင် ဦးနန္ဒာလှမြင့်တို့တက်ရောက်ကြပြီး ကရင်ပြည် နယ်ပါတီဥက္ကဋ္ဌ၊ ခရိုင်ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဆင့်တို့မှ ပါတီဥက္ကဋ္ဌများ နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။