ပြည်ခိုင်ဖြိုးပါတီမှကြီးမှူးကျင်းပသောပဲခူးခရိုင် ထမနဲထိုးပြိုင်ပွဲကျင်းပ

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့တွင် ယမန်နေ့နံနက် ၁၁ နာရီက ညောင်လေးပင်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးဝင်းအတွင်း၌ ပဲခူးခရိုင် ရှစ်မြို့နယ် ဒုတိယအကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး (ငြိမ်း)ဦးအောင်မင်း၊ လွှတ်တော်ကိုယ်စားလှယ် (ငြိမ်း)များ၊ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီအဆင့်ဆင့်မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြပြီးအစီအစဉ်အရ ပြိုင်ပွဲဝင်မြို့နယ် များအား ထမနဲထိုးရာတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ဖတ်ကြားရှင်းလင်းပြောကြားခဲ့ပြီးနောက် သတ်မှတ်နေရာ အသီး သီးတွင် မြို့နယ်ခွဲများအလိုက် ပြိုင်ပွဲဝင်အသင်းများက နေရာယူဝင် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် သတ်မှတ်အချိန်အတွင်း ပြီးစီးခဲ့သောထမနဲများ အား အကဲဖြတ်ဒိုင်များထံ အသင်းခွဲအလိုက်အပ်နှံခဲ့ပြီး ဆုပေးပွဲ အစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) က ထမနဲပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ ”မိမိတို့ပါတီဝင်များအနေဖြင့် ယခုထမနဲထိုးပြိုင်ပွဲကဲ့သို့ စုစည်း နေထိုင်ကြရန်နှင့် တိုင်းပြည်နှင့်ဒေသအကျိုး၊ မိမိတို့ပတ်ဝန်း ကျင်အား တတ်စွမ်းနိုင်ရာနေရာ အခန်းကဏ္ဍမှ စုစည်းညီညွတ်စွာ အကျိုးပြုလုပ်ငန်းများအရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်ကြ ရန် မှာကြားခဲ့ပြီးနောက် ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်စိုးကဆုချီးမြှင့် ရခြင်း၏စည်းကမ်းချက်များကို ပြိုင်ပွဲဝင်အသင်းများအား ပြော ကြားခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး(ငြိမ်း)က ပထဆုရ ရွှေကျင် မြို့နယ်အသင်း၊ ဒုတိယဆုရ ကဝမြို့နယ်အသင်းတို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ကျန်ဆုရအသင်းများအား တာဝန်ရှိပုဂ္ဂိုလ် များက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)