ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့များ ထားဝယ်မြို့တွင် ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးများဖြစ်သော ဒေါက်တာကျော်ကျော်ဌေး၊ ဦးသန်းထွန်း၊ ဒေါက်တာ စန်းစန်းနွယ်နှင့်အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် နိုဝင်ဘာ (၇) ရက် နံနက် ၈ နာရီက တွေ့ဆုံပွဲအခမ်းအနားတစ်ရပ် ကျင်းပရာ တိုင်း ဒေသကြီးပါတီ နာယကများ၊ တိုင်းဒေသကြီးနှင့် ထားဝယ်ခရိုင်တို့မှ ပါတီကော်မတီဝင်များ၊ ထားဝယ်မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ ပါတီစည်းရုံးရေးမှူးများ၊ ရေဖြူ၊ လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့မှ ပါတီကော်မတီဝင်များ စုစုပေါင်း အင်အား ၁၁၅ ဦးခန့် တက်ရောက် ကြသည်။

sdsdsd

တွေ့ဆုံပွဲတွင် ရှေးဦးစွာပါတီ ဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးနေမျိုးက တိုင်းဒေသကြီး ပါတီ၏ လုပ်ငန်းအစီရင်ခံစာကို ဖတ်ကြားတင်ပြခဲ့သည်။ ထို့နောက် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဒေါက်တာစန်းစန်းနွယ်တို့က ပါတီဖွဲ့စည်းပုံနှင့်စည်းရုံးရေး၊ အမျိုးသမီးရေးရာကိစ္စရပ်များ၊ ပါတီဗဟိုအလုပ်အမှု ဆောင်၊ တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်က တောင်သူလယ်သမားရေးရာနှင့် ပါတီ ဌာနချုပ် အမျိုးသမီးရေးရာဌာနမှ ဒေါ်ခင်ရွှေမြင့်က Viber Group ချိတ်ဆက်မှုနှင့် အမျိုးသမီးရေးရာ ဆောင်ရွက် နေမှုတို့ကို ဆွေးနွေးလမ်းညွှန် အကြံပြုစကားများပြောကြားပြီး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး က နိဂုံးချုပ်အမှာ စကားပြောကြားကာ တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့သည် ထားဝယ်မြို့သို့ရောက်ရှိနေစဉ် ထားဝယ်ခရိုင်အတွင်းမှ ရှေးဟောင်း သမိုင်းဝင် ရှင်ကိုးရှင်ဘုရားများကို ကြည်ညိုဖူးမြော်ကာ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။



Leave a Reply