ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသာအေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

 

ဇွန်-၃။ မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မုံရွာမြို့ တိုင်းပါတီရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် (၀၉:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသာအေး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီ နာယကများ ဖြစ်ကြသည့် ဦးသန်းထွန်းအောင်နှင့် ဦးတင်ငွေတို့  တက်ရောက် ခဲ့ကြသည်။

အစည်းအဝေးတွင် ပထမဦးစွာ  ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်၊မြို့နယ်ပါတီ ဥက္ကဌများက ပါတီလုပ်ငန်းစဉ်များနှင့် ပတ်သတ်၍ တစ်ဦးချင်း ဆွေးနွေးတင်ပြ ခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ဇွန်လ ၃ ရက်နေ့မှ ဇွန်လ ၄ ရက်နေ့ထိ တိုင်းပါတီရုံးတွင် (၂) ရက်ကြာ ကျင်းပပြုလုပ် မည်ဖြစ်ပြီး တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင် (၆၁)ဦး တက်ရောက် ခဲ့ပါသည်။