မြောက်ဥက္ကလာပမြို့နယ် Social Media On-Job Training သင်တန်းအမှတ်စဉ်(၁)ဖွင့်လှစ်

မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးခန်းမတွင် ဇွန်လ (၄) ရက် နံနက် ၉ နာရီက Social Media On-Job Training သင်တန်း အမှတ်စဉ်(၁)ဖွင့်ပွဲ ကျင်းပရာ ပါတီဗဟိုကော်မတီဝင် ဦးတင်အောင်၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ပါတီအတွင်း ရေးမှူး ဦးစိန်မြင့်နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြောက်ဥက္ကလာပမြို့နယ် ပါတီ အတွင်းရေးမှူး ဦးခင်မောင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်များမှ စည်းရုံးရေးမှူးနှင့် ကော်မတီဝင် များတက်ရောက်သည်။

ဗဟိုကော်မတီဝင် ဦးတင် အောင်က သင်တန်းဖွင့်ပွဲတွင်အမှာ စကားပြောကြားပြီး သင်တန်း နည်းပြများက သင်ခန်းစာများ ဆွေးနွေးပို့ချခဲ့ရာ ခရိုင်ကော်မတီ ဝင်များဖြစ်သော ဒေါ်အေးအေးမြင့် က မီဒီယာကျင့်ဝတ်သင်ခန်းစာ ကိုလည်းကောင်း၊ ဒေါ်ဇာခြည် လင်းက မီဒီယာတာဝန်ထမ်း ဆောင်သူများ သိအပ်လိုက်နာ ရမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းကိုလည်းကောင်း၊ ဦးစိုးမင်းသန်းက နိုင်ငံရေးပါတီများ အတွက် မီဒီယာနှင့်ဆက်သွယ် ဆက်ဆံရေးလက်စွဲစာအုပ်ငယ်ပါ သင်ခန်းစာများကိုလည်းကောင်း၊ သန်လျင်မြို့နယ်တွဲဖက်အတွင်းရေး မှူး ဦးရန်နိုင်ရွှေက နေ့စဉ်သတင်း စုဆောင်း၍ အခြေခံအချက်များကို လည်းကောင်း ဆွေးနွေးပို့ချမည် ဖြစ်ကြောင်း သင်တန်းကာလမှာ နှစ်ရက်ကြာမြင့်ပြီး သင်တန်းသား ၆ဝတက်ရောက်ခဲ့သည်။

မြင့်ဦး


Leave a Reply