အောင်လအန်ဆန်နှင့် ရုရှားနိုင်ငံသား MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်မည်

ကိုယ်ခံပညာပေါင်းစုံ အသုံးပြုယှဉ်ပြိုင်သည့် MMA (Mixed Martial Arts) ပြိုင်ပွဲ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လုပွဲအဖြစ် ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့် ရှုံးပွဲမရှိ လက်ရှိချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တာလီ ဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း (One Cham-pionship)က သတင်းထုတ်ပြန်သည်။

လာမည့် ဇန်နဝါရီ ၁၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် အဆိုပါ MMA(One Championship) ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် အောင်လအန်ဆန်နှင့် ဘစ်ဒက်ရှ်တို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး အခြားတွဲ ဆိုင်းများ ထွက်ပေါ်လာခြင်း မရှိသေးပေ။ MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် မူလက ဘစ်ဒက်ရှ်နှင့် ပိုလန်နိုင်ငံသား ပါချီနိုတို့ ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ဒဏ်ရာပြဿနာရှိသည့် ပါချီနိုက နုတ်ထွက်သွား သဖြင့် အောင်လအန်ဆန်က ကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်ခွင့်ရရှိခြင်း ဖြစ်သည်။

အောင်လအန်ဆန်သည် ၂၀၁၆ အတွင်း မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်လိုကြောင်း ပြောကြားသော် လည်း ၎င်းယှဉ်ပြိုင်မည့်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်းကြောင့် ၂၀၁၆ အတွင်း ကမ္ဘာ့ချန်ပီယံဖြစ်ရန် မျှော်မှန်းထားမှု ပျက်ပြယ်ခဲ့ရသည်။ MMA(One Champion-ship)ပြိုင်ပွဲများကို ၂၀၁၇ အတွင်း အာရှဒေသတွင် တစ်လလျှင် တစ်ပွဲနှုန်းဖြင့် ကျင်းပရန် စီစဉ်ထားပြီး မြန်မာနိုင်ငံ၌ ဇူလိုင် ၁၄ ရက်နှင့် နိုဝင်ဘာ ၁၃ ရက်တို့တွင် ကျင်းပမည် ဖြစ်သည်။

အသက် (၃၁)နှစ်အရွယ်ရှိ အောင်လအန်ဆန်သည် အာရှဒေသတွင်းသို့ သုံးပွဲလာရောက် ယှဉ်ပြိုင်ပြီးချိန်၌ နှစ်ပွဲမှာ အလဲထိုးဖြင့် အနိုင်ရရှိပြီး တစ်ပွဲမှာ ဒိုင်အမှတ်ဖြင့် အနိုင်ရရှိခဲ့ကာ ရာနှုန်း ပြည့် နိုင်ပွဲရရှိထားသည်။

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၂၈ ပွဲ ယှဉ်ပြိုင်ရာတွင် ၁၉ ပွဲ အနိုင်ရရှိထားပြီး ကိုးပွဲရှုံးနိမ့်ထား သည်။ ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်သည် MMA ပြိုင်ပွဲတစ်လျှောက် ရှစ်ပွဲယှဉ်ပြိုင်ရာ ရာနှုန်းပြည့်နိုင်ပွဲရရှိ ထားသည်။ ဗစ်တာလီဘစ်ဒက်ရှ် သည် ၂၀၁၅ အောက်တိုဘာအတွင်းက နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် MMA ပြိုင်ပွဲ၌ ကာဇက် စတန်နိုင်ငံသား အီဂေါ်ကို အနိုင်ရရှိထားခြင်းဖြစ်သည်။