လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးဆုံးရှုံးသွားသောနေအိမ်များအား ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီမှထောက်ပံ့

 

ပြည်ထောင်စုနယ်မြေ နေပြည် တော်တပ်ကုန်းမြို့နယ်သပြေချောင်း အုပ်စု ဇီးကုန်းကျေးရွာတွင် ယခုလ ၁ဝရက် ညနေပိုင်း၌လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ် ၁ဝလုံး ပြိုလဲ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။အဆိုပါ တပ်ကုန်းမြို့နယ် ဇီးကုန်းကျေးရွာအတွင်း လေပြင်း တိုက်ခတ်ရာတွင် အိမ်ပြိုလဲခြင်း၊ အိမ်ခေါင်မိုးလန်ခြင်းများဖြစ်ပေါ်ခဲ့ ရာ ကျေးရွာသို့ ယနေ့နံနက် ၁ဝ နာရီမှစတင်၍ ပြည်ထောင်စု နယ်မြေ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင် များ၊ နေပြည်တော်ဒက္ခိဏခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့်ကော်မတီဝင် များ၊ တပ်ကုန်းမြို့နယ်အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ ရပ်/ ကျေး စည်းမှူးနှင့်ကော်မတီဝင်များ လိုက်ပါ၍ ကျေးရွာအတွင်းမှ ပျက်စီးဆုံးရှုံးသွားသော မိသားစုနေအိမ်များသို့ ပြည်ထောင်စုနယ်မြေ ပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့်အဖွဲ့မှ သွားရောက်၍ အားပေး စကားပြောကြားပြီး ဆန်၊ ဆီများ ထောက်ပံ့ပေးခဲ့ရာ ရပ်မိရပ်ဖ ဦးအောင်လွင်က ဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောခဲ့ကြောင်း သိရသည်။

အောင်အောင်(နေပြည်တော်)