လောက်ကိုင်ဒေသမှ စစ်ဘေးရှောင်ပြည်သူ ၆ဝဝ ကျော်နေရပ်ပြန်ရေး ရှမ်းပြည်နယ်(မြောက်ပိုင်း)ပြည်ခိုင်ဖြိုးပါတီက ကူညီဆောင်ရွက်ပေး

လောက်ကိုင်ဒေသမှ စစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူ ၆ဝဝ ကျော်ကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ခိုင်ဖြိုးပါတီက နေရပ်ပြန်ရန် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်ဘဏ္ဍာ ရေးမှူး ဦးစိုင်းခမ်းကော်က ပြောသည်။


”ဒီနေ့ နံနက် ၈ နာရီမှာ မန်ဆူရှမ်းကျောင်းဘုန်းဘုန်းနဲ့ သွားပေါင်းစပ်တယ်။ စစ်ဘေးဒုက္ခသည် ကလေးလူကြီး စုစုပေါင်း ၆၂ဝ ၊ လူကြီးတွေပဲဆိုရင်တော့ ၅၄ဝ လောက်ရှိမယ်။ ၁၂ ဘီးကား ကြီး ခုနစ်စီး၊ ကင်တာကားအသေးသုံးစီး စုစုပေါင်း ကား ၁ဝစီးနဲ့ ကူညီပြီး လားရှိုးကနေ ၁ဝ နာရီလောက်မှာ စလွှတ်လိုက်တယ်။ လားရှိုးမှာကတော့ ကားတွေအတွက် စက်သုံးဆီအတွက် ငွေကျပ် ၁ဝ သိန်းလှူဒါန်းတယ်။ ဘုန်းဘုန်းကတော့ နံနက်စာနဲ့ရေသန့်ဘူး၊ ကျွန်တော်တို့ပါတီက ရေသန့်ဘူးနဲ့ ငွေများပေးလှူပါတယ်”ဟု ၄င်းက ပြောသည်။
အဆိုပါစစ်ဘေးရှောင်ပြည်သူများကို လားရှိုးမှ မန္တလေးလမ်း တစ်လျှောက်ရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များက နေ့လယ်စာ၊ ညစာ၊အချိုရည်၊ ရေသန့်စသည့် စားသောက်ဖွယ်ရာများကို လှူဒါန်း ကူညီသွားမည်ဖြစ်ကြောင်းသိရသည်။”လမ်းတစ်လျှောက်မှာ သီပေါ မြို့နယ် ပြည်ခိုင်ဖြိုးကလည်း နေ့လယ်စာအတွက် မုန့်တွေ၊ အချိုရည် တွေဝေမယ်။နောက်တစ်ခါ သီပေါပြီးရင် ကျောက်မဲမြို့နယ် ပြည်ခိုင် ဖြိုးကလည်း နေ့လယ်စာအတွက်ရေသန့်ဘူး၊ မုန့်အချိုရည်၊ ရေသန့် ဘူးရယ်။ နောင်ချိုမြို့နယ်ပြည်ခိုင်ဖြိုးကလည်း ညစာအတွက် ထမင်း ထုပ်ရယ်၊ ရေသန့်ဘူးရယ်။ အချိုရည်ရယ်ပါပေးကြပါမယ်ခင်ဗျာ။ လမ်းတစ်လျှောက် လိုလေသေးမရှိပေးမယ်”ဟု ၄င်းက ပြောသည်။