ရေစကြိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီစည်းမှူး အသည်းလှူဒါန်း

 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီအမှတ်(၁)ရပ်ကွက် စည်းရုံးရေးမှူး ဦးငွေဝင်း (အသည်းအလှူ ရှင်) သည် ရေစကြိုမြို့နယ် ကံဦး ကျေးရွာနေ ဦးဘုန်းမြင့်အတွက် လို အပ်နေသောအသည်းအား လှူဒါန်း သွားမည်ဖြစ် ကြောင်း သိရသည်။

လှူဒါန်းခွဲစိတ်မှုအား ရန်ကုန် မြို့တွင် ကိုရီးယားအထူးကုဆရာဝန်ကြီးများ ဖြင့် ခွဲစိတ်ကုသဆောင်ရွက်မည်ဖြစ်ရာ ရေစကြိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အသည်းအလှူ ရှင်ဦးငွေဝင်း(စည်းရုံးရေးမှူး) အား ဂုဏ်ပြုမှတ်တမ်း ပေး အပ်ခဲ့ကြသည်။

အဆိုပါအသည်းအလှူရှင် ရပ် ကွက်စည်းရုံးရေးမှူး ဦးငွေဝင်း ဂုဏ်ပြုပွဲ အား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းလွင်၊အတွင်းရေးမှူး ဦးချမ်းမင်း၊ ဘဏ္ဍာ ရေးမှူး ဒေါ်စန်းစန်းရီ၊ ကော်မတီဝင်များဖြစ်ကြသော ဦးဝင်းနိုင်ဦး၊ ဦးစိုးထွန်း၊ ဒေါ်ဝင်း ဝင်းသန့်နှင့်မြို့ပေါ်ရပ်ကွက်စည်း ရုံးရေးမှူးများ တက်ရောက်ချီး မြှင့်ခဲ့ကြသည်။

လေးမောင်(ဆိပ်ဖြူ)