မောင်တောဒေသလုံခြုံရေး တာဝန်ယူထားသည့် တပ်ဖွဲ့ဝင်များနှင့် နေရပ်စွန့် ဒေသခံများသို့ ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်း

ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်း၏ ဦးဆောင်မှုဖြင့် ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေစကြို၊ မြိုင်၊ ပေါက် ငါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီတို့မှ ရခိုင်ပြည်နယ် မောင်တောတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ကူညီထောက်ပံ့ရန်လိုအပ်သော တိုင်းရင်းသားများအတွက် အလှူငွေနှင့် ပစ္စည်းများပေးအပ်သည့် အခမ်းအနားကို ယခုလ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲက ပခုက္ကူမြို့ ပြည်သာယာခန်းမတွင် ကျင်းပသည်။

pkk3pkk4

အခမ်းအနားသို့ တပ်မ(၁ဝ၁) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး အောင်ကြည်လင်း၊ ပခုက္ကူခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးလှဝင်း၊ မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ဦးစောဝင်းမောင်၊ ဦးအောင်နိုင်၊ ဦးသော်ဇင်ဦး၊ ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အတွင်းရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ ငါးမြို့နယ်မှ ဥက္ကဋ္ဌနှင့် အတွင်းရေး မှူးများ၊ ကော်မတီဝင်များ၊ ပါတီဝင်များ၊ ပခုက္ကူမြို့နယ် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ တာဝန်ရှိ သူများ၊ ပခုက္ကူမြို့မှ အလှူရှင်များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် အလှူရှင်များကိုယ်စား ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများကို ပေးအပ်လှူဒါန်းကာ တပ်မ(၁ဝ၁) ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ကျေးဇူးတင်စကားပြောကြားသည်။

ရခိုင်ပြည်နယ်ရောက် တပ်မတော်သားများအတွက် ပခုက္ကူမြို့နယ်အတွင်းရှိ အလှူရှင်များမှ အလှူငွေကျပ် ၂၅ သိန်း၊ ရခိုင်ပြည်နယ်ရောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ် တစ်သိန်း၊ ပခုက္ကူခရိုင်ပါတီမှ ငွေကျပ်တစ်သိန်းခွဲ၊ ရေ စကြိုမြို့နယ်ပါတီမှ ငွေကျပ် နှစ်သိန်း၊ ဆိပ်ဖြူမြို့နယ်ပါတီမှ ငွေကျပ်တစ်သိန်းခွဲ၊ မြိုင်မြို့နယ်ပါတီမှ ငွေကျပ်တစ်သိန်း၊ ပေါက်မြို့နယ်ပါတီမှ ငွေကျပ် တစ်သိန်းနှင့် နေရပ်စွန့် ခွာလာသည့် ရခိုင်တိုင်းရင်းသားများအတွက် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းမှ ငွေကျပ်တစ်သိန်းခွဲ၊ ပခုက္ကူခရိုင် နှင့် မြို့နယ်ပါတီဝန်ထမ်းများမှ ငွေကျပ်နှစ်သိန်းခွဲတန်ဖိုးရှိ ပစ္စည်းများ၊ ဌာနဆိုင်ရာနှင့် အခြားအလှူ ရှင်များက အလှူငွေ စုစုပေါင်းငွေ ကျပ် ၅၂၇ဝဝဝဝ ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လေးမောင်(ဆိပ်ဖြူ)


Leave a Reply