ပျော်ဘွယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်ပွဲနှင့် ပရဟိတကလေးငယ်များအား ဝတ်စုံလှူဒါန်းပေးအပ်

 

ပျော်ဘွယ်မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပါတီ ဝင်များအတွက် ပါတီဝင်နှစ်စဉ် ကြေးစုပေါင်းပေးအပ်ပွဲနှင့်ပရဟိတ ကလေးငယ်များအား ဝတ်စုံလှူ ဒါန်းပေးအပ်ပွဲကို မြို့နယ်ပါတီရုံး၌ ယနေ့နံနက် ၁ဝ နာရီက ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး က အဖွင့်အမှာစကားပြောကြားခဲ့ ပြီးအလှူရှင်များက ပျော်ဘွယ်မြို့ နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များမှ ပါတီဝင် ၅ဝဝဝ အတွက် ပါတီနှစ်စဉ်ကြေးစုစုပေါင်းငွေကျပ် ၂၅ သိန်းကိုပေးအပ်လှူဒါန်းခဲ့ပြီး ပါတီမှ သက်ဆိုင်ရာတာဝန်ရှိသူ များက လက်ခံရယူခဲ့သည်။
ဆက်လက်၍ အလှူရှင်များက သစ်ပုဂံပင်ကျောင်းတိုက် ပရဟိတ ဂေဟာမှကလေးငယ် ၅ဝအတွက် ဝတ်စုံများကို ပေးအပ်လှူဒါန်းရာ ရမည်းသင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းမင်းက လက်ခံရယူခဲ့ သည်။
ထို့နောက်ပါတီဝင်နှစ်စဉ်ကြေး စုပေါင်းပေးအပ်မှုအပေါ်ပျော်ဘွယ် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကြည်မြင့် က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ယူဒီနေ