ပေါက်ခေါင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အခြေခံစက်ချုပ်သင်တန်းဖွင့်

 

ပြည်ခရိုင် ပေါက်ခေါင်းမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော အခြေခံစက်ချုပ်သင်တန်း (၂/၂ဝ၁၇)ဖွင့်ပွဲကို မတ်လ (၂၅) ရက် နံနက် ၉နာရီက ပေါက်ခေါင်းပြည်ခိုင်ဖြိုး ပါတီရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်း အနားတွင် ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးအောင်ချိုဦးနှင့် ပေါက်ခေါင်းမြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်တို့က သင်တန်းဖွင့် အမှာစကားပြောကြားကြ ပြီး သင်တန်းမှူး ဦးသိန်းစိုးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းမှာ ဒေသတွင်း အမျိုးသမီးများ သက်မွေးပညာ တတ်မြောက်စေရန် နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ် ကြောင်း သိရသည်။

ယင်းသင်တန်းသို့ သင်တန်း သူ ၄၅ ဦး တက်ရောက်သင်ကြား လျက်ရှိပြီး သင်တန်းကာလမှာ တစ်လကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သူရအောင်(ပြည်)