ဒေါ်လာ ၅၀၀၀ တန် OLED 4K TV ကို လာမယ့် ဧပြီမှာ Sony ထုတ်လုပ်မည်

Sony ရဲ့ CES ပွဲမှာ ထုတ်ဖော်ခဲ့တဲ့ OLED အမျိုးအစား 4K HDR TV တွေကို လာမယ့် ဧပြီလကျရင် ၅၅လက်မမျက်နှာပြင်အရွယ်အစားအတွက် ဈေးနှုန်းဒေါ်လာ ၅၀၀၀နဲ့ ထုတ်လုပ် ဖြန့်ချိသွားမှာဖြစ်ကြောင်း သိရပါတယ်။

မျက်နှာပြင်အတွ LG လို OLED panel ကို အသုံးပြုထားပြီး အခြားအထူးပစ္စည်းဖြစ်တဲ့ A1E လိုင်းထဲက Audio စနစ်တွေကို တပ်ဆင်ထားမှာပါ။ Sony က ဒီမျက်နှာပြင်နဲ့ အသံထွက်စနစ်ကို Acoustic Surface အသံထွက်စနစ်လို့အမည်ပေးထားပြီး သာမန်စပီကာတွေကို မျက်နှာပြင်အောက်မှာ မြုတ်ထားတာ ထက် နာမည်အတိုင်းအသံတွေဟာ မျက်နှာပြင်ထဲကနေ တိုက်ရိုက်ထွက်လာသလို ခံစားရစေနိုင်မှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

TV မှာ Subwoofer တစ်လုံး၊ Ports / cable ထိန်းချုပ်ပေါက်၊ HDMI လေးပေါက် ပါဝင်ပါတယ်။  A1E OLED တီဗီဟာ Dolby အမြင်စနစ်ကို ထောက်ပံ့ပေးထားပြီး၊ HDR10 နဲ့ HLD တွေလည်းပါဝင် တာကြောင့် သင့်အနေနဲ့ HDR ရုပ်ထွက်ကို အပြည့်အဝခံစားရမှာပါ။ အဲ့ဒီအပြင် Android TV အမျိုးအစား လည်းဖြစ်ပြီး Google Assistant ကိုလည်း ထည့်သွင်းပေးထား တာကြောင့် သင့်အနေနဲ့ အရမ်းအဆင်ပြေ မှာပါ။
ဒါပေမယ့် ဈေးကတော့ Premium ဆန်တဲ့လုပ်ဆောင်ချက်တွေနဲ့ လိုက်ဖက်အောင် များပြားလွန်းပြီး ၅၅လက်မအတွက် ဒေါ်လာ ၅၀၀၀၊ ၆၅လက်မအတွက် ဒေါ်လာ ၆၅၀၀ သတ်မှတ် ထားတာကြောင့် သင့်အနေနဲ့ Sony ရဲ့ နောက်ဆုံးထွက်တီဗီဝယ်ဖို့ ကားတစ်စင်းစာလောက် ပိုက်ဆံသုံးရမယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။

U Min Thant