ဒေါ်နယ်ထရမ့်၏ သမ္မတရာထူးအပ်နှင်းပွဲတွင် သီချင်းသီဆို ဖျော်ဖြေပေးရန် စလင်းဒီယွန် ငြင်းပယ်ခဲ့

နာမည်ကျော်အဆိုတော် စလင်းဒီယွန်ဟာ အရွေးချယ်ခံသမ္မတသစ် ဒေါ်နယ်ထရမ့်၏ သမ္မတရာထူးအပ်နှင်းပွဲ အတွက် သီချင်းသီဆိုဖျော်ဖြေပေးရန် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါသည်။

ပြင်သစ်ကနေဒီယန်စတား အဆိုတော်ဟာ ယခုလိုသမိုင်းဝင်မည့်အခမ်းအနားတွင်ဖျော်ဖြေဖို့ ဖိတ်ခေါ်ချက်ကို ပယ်ချခဲ့ကြောင်းသတင်းများအရသိရပါသည်။ TheWrap ရဲ့အဆိုအရ သူမဟာ သမ္မတရာထူးအပ်နှံပွဲအခမ်းအ နားတွင်ဖျော်ဖြေမည့် A အဆင့်ရှိထိပ်သီးအနုပညာရှင်များစာရင်းအတွက်တစ်နေရာစာ ကမ်းလှမ်းခံခဲ့ရကြောင်း သိရပါသည်။

သူမအား ဒေါ်နယ်ထရမ့်ရဲ့ရာထူးအပ်နှံပွဲအတွက် အစီအစဉ်များကိုဦးဆောင်ချမှတ်နေသည့် ထုတ်လုပ်သူ တစ်ယောက်ဖြစ်သူ Mark Burnett က အလိုရှိနေခဲ့တာဖြစ်ပါသည်။

ထရမ့်ရဲ့မိတ်ဆွေလည်းဖြစ်၊ လာ့စ်ဗီးဂတ်စ်ရှိ ဟော်တယ်များပိုင်ရှင်လည်းဖြစ်သူ Steve Wynn ကလည်း ပြင်သစ်ကနေဒီယန်းစတား အဆိုတော် စလင်းဒီယွန်ကို လာမည့်ဇန်န၀ါရီ ၂၀ ရက်နေ့တွင် ကျင်းပမည့်ပွဲအတွက် အရခေါ်ယူပေးမည်ဟု ကတိပေးခဲ့ဖူးပါသည်။ သို့သော်လည်း အဆိုပါအစီအစဉ်ဟာ သူမကငြင်းပယ်လိုက်သည့် အတွက် ပျက်ပြယ်တော့မည့် အခြေအနေ ရှိနေပါသည်။

ယခုလိုငြင်းပယ်လိုက်သည့်အတွက် စလင်းဒီယွန်ဟာ ဗြိတိန်အဆိုတော် အယ်လ်တွန်ဂျွန်နည်းတူ ဒေါ်နယ်ထရမ့် ၏ သမ္မတရာထူးအပ်နှံပွဲအတွက် ဖျော်ဖြေရန်ငြင်းဆန်ခဲ့သည့် အဆိုတော်များစာရင်းတွင် ပါဝင်သွားခဲ့ပြီ ဖြစ်ပါ သည်။

# 7 Day Daily