တောင်ကြီးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု စည်းမှူးနှင့် အမှုဆောင်အဖွဲ့တို့အား တာဝန်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု စည်းမှူးနှင့် အမှုဆောင်အဖွဲ့တို့အား တာဝန် ပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာလ (၁၄) ရက် နံနက် (၉) နာရီခွဲက ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

14238220_648086225360892_4799681483498524229_n

ရှေးဦးစွာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သူရရှင်းက ပါတီတာဝန် ပေးအပ်ခြင်း၏ ရည်ရွယ်ချက်နှင့် ၂ဝ၁၆ ပါတီညီလာခံတွင် ချမှတ်ခဲ့သည့် ဦးတည်ချက် ငါးရပ်၊ ရှေ့လုပ်ငန်း လမ်းစဉ် ခုနစ်ရပ်တို့ကို ရှင်းလင်းဆွေးနွေးပြီးနောက် ရှမ်းပြည်နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းသန်း ဝင်းက ရပ်ကွက်/ကျေး ရွာအုပ်စု စည်းရုံးရေးမှူးနှင့် အမှုဆောင်အဖွဲ့ ဇုန်(၁)အား လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ပါတီအတွင်းရေးမှူး ဦးခွန်သိန်းမောင်က ဇုန်(၂)၊ ဗဟိုပါတီကော်မတီဝင် ပြည်နယ် အစိုးရအဖွဲ့ဝင် ဦးစိုင်းလုံကျော်က ဇုန်(၃)၊ ဗဟိုပါတီ ကော်မတီဝင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဦးခွန်ရဲထွေးက ဇုန်(၄)၊ တောင်ကြီးခရိုင် အတွင်းရေးမှူး ဦးအောင်နိုင်ထွန်းက ဇုန်(၅)၊ တောင်ကြီးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးအောင်သူရှင်းက ဇုန်(၆)၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းထူးက ဇုန်(၇)တို့ကို အသီး သီး တာဝန်ပေးအပ်လွှာများ ပေးအပ်ခဲ့ကြပြီးနောက် အခမ်းအနားကို ကြွေးကြော်သံများဖြင့် နံနက် ၁ဝ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် ပါတီဥက္ကဋ္ဌကြီးနှင့်အတူ ပြည်နယ်ပါတီအတွင်းရေးမှူး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ ဗဟိုပါတီကော်မတီဝင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ တောင်ကြီးခရိုင် ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ တောင်ကြီး မြို့နယ်ပါတီဥက္ကဋ္ဌနှင့်မြို့နယ်ပါတီ ကော်မတီဝင်များ၊ မြို့နယ်အရန် ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုစည်းရုံးရေးမှူးနှင့် အမှုဆောင်များ စုစုပေါင်းအင်အား ၁၅ဝတက်ရောက်ခဲ့သည်။

သန်းထူး(တောင်ကြီး)


Leave a Reply