တောင်တရုတ်ပင်လယ်ကိစ္စရပ်အပေါ် နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက်ကို လက်ခံသွားမည် မဟုတ်ဟု တရုတ်ပြော

တောင်တရုတ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုအငြင်းပွားကိစ္စရပ်အပေါ် သည်ဟေ့ဂ်မြို့ နိုင်ငံတကာခုံရုံးက လာမယ့် ဇူလိုင် (၁၂) ရက်တွင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်တော့မည်ဖြစ်ရာ ခုံရုံး၏ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို လက်မခံဘဲ ပယ်ချသွားမည်ဟု တရုတ်အာဏာပိုင်တို့က ထုတ်ဖော်ပြောကြား လိုက်သည်။

Chinese dredging vessels are purportedly seen in the waters around Mischief Reef in the disputed Spratly Islands in the South China Sea in this still image from video taken by a P-8A Poseidon surveillance aircraft provided by the United States Navy May 21, 2015. REUTERS/U.S. Navy/Handout via Reuters

တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နှင့် အငြင်းပွားနေသည့် နယ်မြေပိုင်ဆိုင်ခွင့်နှင့် ပတ်သက်၍ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတကာခုံရုံးသို့ တင်ပြတိုင်တန်းထား ခြင်းဖြစ်သည်။ သို့သော် အထက်ပါကိစ္စကို မိမိတို့နှစ်နိုင်ငံချင်းသာ ညှိနှိုင်းဆွေးနွေးသင့်ကြောင်းနှင့် ယခုကဲ့သို့ ခုံရုံးကဆုံးဖြတ်လာမည့် မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ပယ်ချသွားရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ကုလသမဂ္ဂ ကျောထောက်နောက်ခံ သည်ဟေ့ဂ် အခြေစိုက် ခုံရုံက ယင်းကိစ္စနှင့်ပတ်သက်၍ လာမည့် ဇူလိုင် (၁၂) ရက်တွင် ဆုံးဖြတ်ချက်ချသွားတော့မည်ဖြစ်သည်။

တရုတ်တို့အနေဖြင့် ယခင်ကာလများကတည်းက အဆိုပါကိစ္စကို ခုံရုံးတွင်ကြားနာရန် ငြင်းပယ်ထား ခဲ့ခြင်းဖြစ်သည်။

“နယ်မြေအငြင်းပွားမှုတွေ၊ ရေကြောင်းနယ်နမိတ်ကန့်သတ်တာတွေ စတဲ့ကိစ္စရပ်တွေနဲ့ပတ်သက်လို့ ဘယ်လိုမျိုး တတိယပုဂ္ဂိုလ် အဖွဲ့အစည်းရဲ့ ကြားဝင်ဆုံးဖြတ် ဖြေရှင်းတာမျိုးကမှ ကျွန်တော်တို့ လက်ခံ သွားပေးမှာ မဟုတ်ပါဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ဟောင်လိုင်က ပြောကြားသွားသည်။

Mizzima


Leave a Reply