ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးအခြေခံသင်တန်း (၁/၂၀၁၆) ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခမ်းမ၌ ဇူလိုင်လ (၂၅) ရက် နံနက် (၈) နာရီခွဲအချိန်က စည်းရုံးရေးအခြေခံသင်တန်း (၁/ ၂၀၁၆) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြများမှ စည်းရုံးရေး ဆိုင်ရာများ သင်ကြားပို့ချခဲ့ကြသည်။

သင်တန်း တတိယနေ့ (ဇူလိုင် ၂၇ ရက်) တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်းမှ စည်းရုံးရေးဆိုင်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Credit – Zay Yar


Leave a Reply