ဆောင်းဟေဂျိုနှင့်အချစ်ဇာတ်ကားတစ်ကားရိုက်ချင် သည်ဟုဆိုလာသည့် ဆောင်းဂျွန်ကီ

ပရိသတ်များနှင့်တွေ့ဆုံရန် ခရီးထွက်နေသည့်မင်းသားဆောင်း ဂျွန်ကီသည် တရုတ်(တိုင်ပေ)သို့ ရောက်ရှိခဲ့ပြီးနောက် ယမန်နေ့ တွင် တရုတ်(တိုင်ပေ)ပရိသတ် များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပရိသတ် များ၏မေးမြန်းမှုများကို ဆောင်း ဂျွန်ကီက ပြန်လည်ဖြေကြားပေးခဲ့ ရာ မေးခွန်းအများစုမှာ ၄င်း၏ ပုဂ္ဂိုလ်ရေးရာကဏ္ဍသရုပ်ဆောင် ကဏ္ဍတို့နှင့်ပတ်သက်ကြောင်း သိရသည်။
၎င်း၏မူလရည်မှန်းချက်ကို မေးမြန်းခဲ့ရာတွင် ”ကျွန်တော်က ပရော်ဖက်ရှင်နယ်စကိတ်စီးသမား ဖြစ်ချင်ခဲ့ပြီး ကိုရီးယားအိုလံပစ် မှာစကိတ်စီးဝင်ပြိုင်ချင်ခဲ့တာ၊ဒါပေ မဲ့ အဲ့လောက်ထိမထူးချွန်လို့ဆက် မလုပ်ဖြစ်တော့ဘူး”ဟုပြန်လည် ဖြေကြားခဲ့သည်။
ထို့ပြင် Desendent of The Sun ဇာတ်ကားတွင် မင်းသမီး ဆောင်းဟေဂျိုနှင့်အတူ တွဲဖက် သရုပ်ဆောင်ပြီးနောက် ၄င်းတို့နှစ် ဦး၏အချစ်ရေးနှင့်ပတ်သက်၍ သတင်းမျိုးစုံထွက်ရှိခဲ့ပြီးပရိသတ် များက အလွန်စိတ်ဝင်စားလျက် ရှိရာ မင်းသမီးဆောင်းဟေဂျိုနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်း ခဲ့ရာ စိတ်ကူးယဉ်အချစ်ဇာတ် လေးတစ်ပုဒ်လောက်ဆောင်းဟေ ဂျိုနှင့်ရိုက်ကူးချင်ကြောင်း မင်း သားဆောင်းဂျွန်ကီက ဖွင့်ဟပြော ကြားခဲ့သည်။

Ref : Ibtimes


Leave a Reply