ဆောင်းပန်းချီသီချင်းဆိုပြိုင်ပွဲ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မြို့နယ်ပါတီကော်မတီ၏ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်လူငယ်ရေးရာကော်မတီက မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ပြည်ခိုင်ဖြိုးပါတီအပေါ် စိတ်ဝင်စားချစ်ခင်လာစေရန်နှင့် လူငယ်အချင်းချင်းစည်းစည်းလုံးလုံးညီညီညွတ်ညွတ်ရှိကြစေရန် ရည်ရွယ် ကျင်းပသည့် ၂ဝ၁၇ခုနှစ် လူငယ်လှုပ်ရှားမှုဒုတိယအကြိမ်မြောက် ဆောင်းပန်းချီမြန်မာသံစဉ်နှင့်ခေတ်ပေါ် သံစဉ်သီချင်းဆိုပြိုင်ပွဲကြီးကိုယခုလ ၁၄ ရက်မှ ၁၆ ရက်အထိ မြို့နယ်ပါတီရုံးဝင်းအတွင်းရှိ မြက်ခင်းပြင်၌ သုံးရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ပြိုင်ပွဲဖွင့်ပွဲ ပထမနေ့ ယခုလ ၁၄ ရက်တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီအရန် ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ ပါတီအရန် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ခရိုင်အတွင်းရေးမှူး ဒေါက်တာ ဦးကျော်စိုး၊ ခရိုင်ဘဏ္ဍာရေးမှူး နယ်မြေတာဝန်ခံဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီကော်မတီဝင်များ၊ပထမ အကြိမ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူး(ခ) ဦးကိုကို၊ ၂ဝ၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဦးနေလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ် စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်မှူး သန့်ဇင်မိုး(ငြိမ်း)၊ ဒိုင်အဖွဲ့မှမြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌများဖြစ်ကြ သည့်ဦးစိုးဝင်း(မအူပင်)၊ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မြန်မာ့အသံဓာတ် ပြားရတေးသံရှင် ဒေါ်ခင်ညွန့်ညွန့် သန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ တေးသံရှင် စောင်းအောင်ကိန်း ဒဂုံ မြို့သစ်(တောင်ပိုင်း)နှင့်ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အဆိုဝါသနာရှင်များ၊ ပရိသတ်များစုစုပေါင်း ၃၂ဝဝ ဦး တက်ရောက်အား ပေးကြသည်။

အခမ်းအနားကို ည ၆နာရီခွဲ တွင် ဖွင့်လှစ်၍ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က ဆောင်းပန်းချီသီချင်း ဆိုပြိုင်ပွဲကျင်းပနိုင်ရေးဆောင်ရွက် ချက်များအား ရှင်းလင်းပြောကြား သည်။ ဆက်လက်၍ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ မြို့နယ်ဂီတအစည်း အရုံးဥက္ကဋ္ဌက ပြိုင်ပွဲနှင့် ပတ် သက်၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားကာ ပထမနေ့ မြန်မာသံစဉ်အဆိုပြိုင်ပွဲအား ပြိုင် ပွဲဝင်ရောက်ယှဉ်ပြိုင်သူ ၄၁ဦးဖြင့် စတင်ခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ယခုလ ၁၆ ရက် ည ၇ နာရီတွင် မြို့နယ်ပါတီရုံးဝင်းအတွင်းရှိ မြက် ခင်းပြင်၌ကျင်းပရာပါတီဗဟိုကော် မတီဝင် ဦးတင်အောင်က အမှာ စကားပြောကြားသည်။ ထို့နောက် ၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းဦးနေလင်းက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားပြီး ဆု ပေးပွဲအခမ်းအနားအားဖွင့်လှစ်ပေး သည်။ ထို့နောက် ပြိုင်ပွဲဝင်အဆို ရှင်များအား ပါတီတာဝန်ရှိသူများ နှင့်ဧည့်သည်တော်များမှ ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီးဆုရ အဆိုရှင်များကပြိုင်ပွဲဝင်ဆုရသီချင်း များဖြင့် ပြန်လည်ဖျော်ဖြေခြင်း၊ ဖိတ်ကြားထားသောဧည့်သည်တော် များမှလည်းနှစ်သက်ရာတေးသီချင်း များဖြင့် ပြန်လည်ဖျော်ဖြေကာ ၂ဝ၁၇ ခုနှစ်လူငယ်လှုပ်ရှားမှုဒုတိယ အကြိမ်မြောက် ဆောင်းပန်းချီ မြန်မာသံစဉ်နှင့် ခေတ်ပေါ်သံစဉ် သီချင်းဆိုပြိုင်ပွဲကြီး၏ ဆုပေးပွဲ အခမ်းအနားကို ည ၁၁ နာရီတွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

လှမျိုး(ဒဂုံအရှေ့)