ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်း ရဲ့ မဲဆွယ်စည်းရုံးစကား

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်ကြည်သိန်းသည် ဖေဖော်ဝါရီ (၂၂) ရက်တွင်၊ တောင်စွန်းကျေးရွာသို့လည်းကောင်း၊ ဖေဖော်ဝါရီ (၂၃) ရက်တွင် ခရိုက်နှီးဟု၊ ကမာကေး၊ တော်ပကောက် ကျေးရွာများသို့လည်းကောင်း သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံကာ မဲဆွယ်စည်းရုံး စကားများ ပြောကြားခဲ့သည်။

 

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းမှ မဲဆွယ်စည်းရုံးစကားပြောကြားရာတွင် –

– အမျိုးသားရေးကို ဦးထိပ်ထားသည်။
– အမျိုးဂုဏ်ဇာတိဂုဏ်မညိုးနွမ်းစေရ။
– တောင်သူလယ်သမားကဏ္ဍများနှင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို ကူညီဆောင်ရွက်ပေးသွားမည်။
– အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးကူညီဆောင်ရွက်ပေးမည်။
– တိုင်းရင်းသားအခွင့်အရေးများ နှင့် စာပေ၊ ယဉ်ကျေးမှုများ…စသည် တို့ကို ဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

  1. Nay Linn Htun