ကျောက်မဲမြို့စစ်ဘေးရှောင်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်မှအလှူငွေလှူဒါန်း

 

ကျောက်မဲမြို့ (၈)ရပ်ကွက် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းကျောင်းတွင်ဖွင့်လှစ်ထား သော စစ်ဘေးရှောင်စခန်းသို့ ပြည် ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်မှ ယမန် နေ့မွန်းတည့် ၁၂ နာရီတွင် စစ် ဘေးရှောင်ပြည်သူများအတွက် အလှူငွေများ လာရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာမှ ကျေးရွာသူကျေးရွာ သားများသည် ၄င်းတို့ နေထိုင်ရာကျေးရွာမှ ကျောက်မဲမြို့သို့ စစ်ဘေးရှောင်ခဲ့ကြရာ ကျောက်မဲမြို့(၈) ရပ်ကွက် အခြေခံဗုဒ္ဓ ဘာသာယဉ်ကျေးမှုသင်တန်းကျောင်းတွင် စစ်ဘေးရှောင်ပြည်သူ ၁၃၅ ဦးနှင့် ပိန္နဲကုန်းကျေးရွာ ဝါဆိုဘုန်းကြီးကျောင်းတွင် စစ်ဘေး ရှောင်ပြည်သူ ၅၄ ဦး စစ်ဘေးရှောင်လျက်ရှိကြောင်း သိရသဖြင့် ပြည်ခိုင်ဖြိုးပါတီဗဟိုဌာနချုပ်မှ အလှူငွေလာရောက်လှူဒါန်းခဲ့ပြီး ဗဟိုဌာနချုပ်ကိုယ်စား ဗဟိုအလုပ်အမှုဆောင် ဦးအောင်ထွန်းက အလှူငွေကျပ် ၁၅သိန်းပေးအပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်နှင့် စစ်ဘေးရှောင်စခန်းတာဝန်ခံများဖြစ်သော ဦးတင် မောင်ဦး၊ ဦးသာထွန်းနှင့်ဦးစိုးထွန်းတို့က လက်ခံခဲ့သည်။
ထို့နောက် ဦးအောင်ထွန်းနှင့် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူး ဒေါက်တာလဆိုင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်နှင့်စစ်ဘေးရှောင်စခန်းအဖွဲ့ဝင်များက စစ်ဘေးရှောင် ကျောင်းသားကျောင်းသူများကို အားပေးစကားပြောကြားခဲ့ပြီး ကျောင်းသားကျောင်းသူများအတွက် အလှူငွေကျပ်တစ်သိန်း ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ သီပေါမြို့နယ် နောင်သကြားကျေးရွာအုပ်စု မန်ကောင်းကျေးရွာရှိ စစ်ဘေးရှောင် ၁၉၈ ဦးအတွက် အလှူငွေကျပ်၁၅ သိန်းနှင့် နောင်ချိုမြို့နယ် အုမ္ပသီးကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူ ၁၂၇ဦးအတွက် အလှူ ငွေကျပ် ၁၅သိန်းစီ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်္ဂလာထွန်း(ကျောက်မဲ)


Leave a Reply