ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဥက္ကဋ္ဌဖြစ်လာရန် အိန်ဂျယ်လ်မာရီယာဗီလာ ရေပန်းစားနေ

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အိန်ဂျယ်လ်မာရီယာဗီလာသည် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ဥက္ကဋ္ဌဖြစ်လာရန် ရေပန်းစားနေကြောင်း သိရှိရသည်။

FIFA

UEFA သည် ပလာတီနီ ရာထူးမှ နုတ်ထွက်သွားသည့်အတွက် ဥက္ကဋ္ဌရာထူး လစ်လပ်နေခြင်းဖြစ်ပြီး စက်တင် ဘာလအတွင်း ရွေးကောက်ပွဲကျင်းပကာ ဥက္ကဋ္ဌသစ် ခန့်အပ်သွားမည်ဖြစ်သည်။

မာရီယာဗီလာသည် အဆိုပါရွေးကောက်ပွဲတွင် ၀င်ရောက်ရွေးချယ်ခံရန် စာရင်းသွင်းခဲ့ပြီးနောက် ယှဉ်ပြိုင် ရွေးချယ် ခံမည့် (၃)ဦးထဲတွင် လူကြိုက်အများဆုံးဖြစ်လာခြင်းလည်းဖြစ်သည်။

၎င်းနှင့်အတူ ယှဉ်ပြိုင်ရမည့်သူများမှာ ဆလိုဗေးနီးယားဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်ဆန်းဒါးဆီဖာရင်နှင့် နယ်သာလန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗန်ပရပ်ဂ်တို့ဖြစ်ကြောင်း သိရှိရသည်။

UEFA ဥက္ကဋ္ဌရွေးကောက်ပွဲကို စက်တင်ဘာလ(၁၄)ရက်နေ့၌ ဂရိနိုင်ငံ၊ အေသင်မြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။

Photo: AFP


Leave a Reply