ဦးအောင်ခမ်းထီအား ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဌေး ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက် ရှမ်းပြည်နယ် တောင်ခြေကျေးရွာအုပ်စုမှ တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့သည် မတ်လ (၇) ရက် နံနက် ၇ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း) ကျောက်တလုံးကြီးမြို့သို့ဝင်ရောက်ပြီး ပအိုဝ့်တိုင်း ရင်းသားခေါင်းဆောင် ဦးအောင်ခမ်းထီအား ချစ်ခင်ရင်းနှီး စွာ တွေ့ဆုံနှုတ်ဆက်ပြီးနောက် မွန်းတည့် ၁၂နာရီက ရှမ်းပြည်နယ် (တောင်ပိုင်း) မြသိန်းတန်ကျေးရွာရှိ မြသိန်းတန်ရွာဘုန်းကြီးကျောင်း၌ တောင်ခြေကျေးရွာအုပ်စု မြသိန်းတန်ရွာ ဘုန်းတော်ကြီးကျောင်းလူထုတွေ့ဆုံပွဲ ကျင်းပသည်။

တွေ့ဆုံပွဲတွင် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်လွှတ်တော် အမှတ် ၁ မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရွေးချယ်ခံမည့် ကိုယ်စားလှယ် ဦးစံရွှေက ဦးစွာ မိတ်ဆက် စကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဒေသခံတိုင်းရင်းသားပြည်သူများအား မိတ်ဆက်စကားပြောကြားကာ တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံတိုင်းရင်းသား များက ပြန်လည်တင်ပြဆွေးနွေးခဲ့ပြီး ပါတီဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ပါတီဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များ၊ ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ခရိုင်၊ မြို့နယ်ပါတီဝင် များ၊ ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၂၃ဝ ခန့် တက်ရောက်ခဲ့ပြီး တွေ့ဆုံပွဲကို မွန်းလွဲ ၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မင်းဟိန်း