အုန်းဆီနဲ့ မျက်နှာသစ်ခြင်းက အရေပြားလျော့တွဲတာနဲ့အစက်အပြောက်တွေကို ပျောက်ကင်းစေနိုင်

အုန်းဆီကို အမာရွတ် ပျောက်ကင်းစေဖို့ သုံးစွဲစေရုံသာမက ခြောက်သွေ့တဲ့ ဒူးခေါင်း၊ တံတောင်ဆစ် တွေကိုပါ စိုပြေအောင် အသုံးပြုလေ့ရှိပါတယ်။ ဓါတ်တိုးပစ္စည်းတွေအပြင် အစိုဓါတ်ကို ထိန်းညှိပေး နိုင်တာကြောင့် အသားအရေအမျိုးအစားမရွေး သင့်တော်ပါတယ်။

အုန်းဆီဟာ အကြောပြတ်ရာတွေ၊ အမာရွတ်တွေနဲ့ အရေပြားတွန့်တာတွေကို သက်သာပျောက်ကင်းအောင် အကူ အညီပေးပါတယ်။

အုန်းဆီနဲ့ မျက်နှာသစ်ဖို့ လိုအပ်တာတွေကတော့ အုန်းဆီနဲ့ မျက်နှာသစ်ပုဝါတို့ပဲ ဖြစ်ပါတယ်။

  • လက်ထဲကို အုန်းဆီ လက်ဘက်ရည်ဇွန်းတစ်ဇွန်းစာ ထည့်ပါ။
  • လက်နှစ်ဖက်နဲ့ နွေးလာတဲ့အထိ ပွတ်ပေးပါ။
  • မျက်နှာပေါ်ကို အုန်းဆီနဲ့ ဖြေးညင်းစွာ သုတ်လိမ်းပြီး အနည်းဆုံး ၁မိနစ်ခန့် စက်ဝိုင်းပုံ နှိပ်နယ်ပေးပါ။
  • ရေနွေးနွေးမှာ မျက်နှာသစ်ပုဝါနှစ်ပြီး မျက်နှာသစ်ချပါ. ပြီးရင်တော့ ၃၀ စက္ကန့်ခန့် အ၀တ်စိုကို မျက်နှာပေါ် အုပ်ထားပါ။
  • မျက်နှာပေါ်ရှိ အုန်းဆီတွေကို ပြောင်စင်အောင် ဖယ်ရှားပစ်ပါ။

# ပြည်မြန်မာ