အီရန်စစ်သင်္ဘောကို အမေရိကန်ရေတပ် သုံးကြိမ်သတိပေးပစ်ခတ်

US-ships

ပင်တဂွန်၊ သြဂုတ် ၂၆

ပင်လယ်ကွေ့တွင် အီရန်စစ်သင်္ဘောတစ်စီးအား အမေရိကန်ရေတပ်က သုံးကြိမ်သတိပေးပစ်ခတ်ခဲ့ကြောင်း ပင်တဂွန်က ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း အမေရိကန်သင်္ဘောများကို အီရန်သင်္ဘောများ နှောင့်ယှက်ခုတ်မောင်းမှုရှိရာမှ ယခုတစ်ကြိမ်တွင် သတိပေးပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပီတာကွတ်က ပြောသည်။

အီရန်သင်္ဘောများ မည်သည့်ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းကို မသိရကြောင်း၊ သို့သော်လည်း နိုင်ငံတကာ ရေပိုင်နက်တွင်ဖြစ်၍ ၎င်းတို့၏ အပြုအမူက လက်ခံနိုင်စရာမရှိကြောင်း ပီတာကွတ်က ပြောသည်။

သို့သော် အီရန်ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး ဟိုစိန်ဒီဂါဟန်က အမေရိကန်သင်္ဘောများက အီရန်ရေပိုင်နက်အတွင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပြောသည်။

မိမိတို့နိုင်ငံပိုင် ရေပိုင်နက်အတွင်း ဝင်ရောက်လာသည့် မည်သည့်သင်္ဘောမဆို သတိပေးခြင်း သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

(BBC)


Leave a Reply