အလှအပနဲ့ကျန်းမာရေးအတွက် ခရမ်းချဉ်သီးရဲ့ အကျိုးပေးပုံ (၅) မျိုး

ခရမ်းချဉ်သီးဟာ ချက်ပြုတ်စားသောက်ရာမှာ ပုံစံမျိုးစုံနဲ့ မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ ဈေးလည်းမကြီးဘဲ အစားအစာတွေရဲ့ အရသာကို ပိုမိုကောင်းမွန်စေတဲ့ ခရမ်းချဉ်သီးဟာ အိမ်တိုင်းလိုလိုရဲ့ မီးဖိုချောင်မှာ အနည်း ဆုံး တစ်ပတ်တစ်ကြိမ်တော့ ရောက်လာတတ်ပါတယ်။ ခရမ်းချဉ်သီးကို စားသောက်ရုံသာမက အလှအပ အတွက်လည်း အသုံးပြုနိုင်ပါသေး တယ်။

 

၁။ သွေးအားနည်းရောဂါ

မကြာခဏ သွေးပေါင်ကျသူတွေ၊ သွေးအားနည်းရောဂါရှိသူတွေဟာ ခရမ်းချဉ်သီးကို စားသုံးပေးသင့်ပါတယ်။ ခရမ်းချဉ်သီးကို ပုံမှန်စားသုံးပေးမယ်ဆို သွေးပေါင်ချိန်က သင့်တင့်မျှတနေမှာပါ။

၂။ နှလုံးကိုကျန်းမာစေ

ခရမ်းချဉ်သီးမှာ များပြားစွာပါဝင်တဲ့ ပိုတက်ဆီယံ (Potassium) ပမာဏကြောင့် နှလုံးကို ကျန်းမာစေပါတယ်။ နှလုံးခုန်နှုန်း ပုံမှန်ဖြစ်စေဖို့နဲ့ နှလုံးလေဟပ်တာကို ကာကွယ်ဖို့ဆိုရင်တော့ ခရမ်းချဉ်သီးကို ပုံမှန်မှီဝဲပေးသင့် ပါတယ်။ ဒါတင်မက အခြား နှလုံးနဲ့ဆိုင်ရာပြဿနာတွေကိုလည်း ဖြစ်နိုင်ခြေ လျော့ကျစေပါလိမ့်မယ်။

၃။ မျက်စိအတွက်

ဗီတာမင်မျိုးစုံ ပါဝင်တဲ့ ခရမ်းချဉ်သီးဟာ မျက်စိကိုလည်း အားကောင်းစေပါတယ်။ ဖောလစ် (Foliate) ၊ သိုင်ယာမင် (Thiamine) ၊ B Complex နဲ့ နိုင်ယာဆင် (Niacin) တို့လို မျက်စိကို အကျိုးဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါရှိပါတယ်။ မျက်စိကို ရောဂါပိုးတွေမဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၎။ ချွေးပေါက်ကျယ်တာ သက်သာစေ

မျက်နှာပေါ်က ချွေးပေါက်ကျယ်တာတွေကို ခရမ်းချဉ်သီးက ပျောက်ကင်းအောင်လုပ်ပေးပါတယ်။ ခရမ်းချဉ်သီး အရည် ၄ စက်နဲ့ ရေ လက်ဖက်စားဇွန်းတစ်ဇွန်းကို ရောနှောကာ မျက်နှာပေါ်ကိုလိမ်းပြီး ညင်သာစွာ နှိပ်နယ် ပေးပါ။ ၁၅ မိနစ်လောက် ထားပြီးမှ ရေအေးအေးလေးနဲ့ ပြန်ဆေးပေးလိုက်မယ်ဆို ချွေးပေါက်ကျယ်တဲ့ ပြဿနာအတွက် ပူစရာမလိုတော့ပါဘူး။ အသားအရေကိုလည်း ကြည်လင်စေပါတယ်။

၅။ ဆံပင်သန်စေ

ခရမ်းချဉ်သီး (Tomato) ကို စားသုံးပေးခြင်းဟာ ဆံပင်ကို ကြံ့ခိုင်သန်စွမ်းစေပါသတဲ့။ ဒါကြောင့်မို့လို့ အသုပ် တွေသုပ်ရင် ခရမ်းချဉ်သီးမှည့်ကို ဒီအတိုင်းလေး အကွင်းလိုက်လှီးထည့်ကာ စားသုံးပေးသင့်ပါတယ်။

Credit : duwun