အမှားမြင်၍ အမှန်ပြင်မည်

 

၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲက နီးကပ်လာပြီဖြစ်သည်။ မဲဆန္ဒရှင် ပြည်သူတွေ၏ တစ်နှစ်တာနီးပါး ခါးစည်းခံစားခဲ့ရသည့်ဒုက္ခတွေက ရင်နှင့် အမျှ ဖြစ်၍ ပွင့်အန် ထုတ်ဖော်ပြောလာကြသည်ကို မီဒီယာများတွင် နေ့စဉ် မြင်တွေ့နေရသည်။ ဒေသချင်း အနီးကပ်ဆုံးဖြစ်နေသည့် ရန်ကုန်တိုင်းဒေသ ကြီးရှိ လှိုင်သာယာမြို့နယ်မှ မဲဆန္ဒရှင် ပြည်သူအချို့၏ ပြည်သူ့အသံကို မတ်လ ၁၃ရက်က မီဒီယာတစ်ခုတွင် ဖတ်မှတ်ခဲ့ရ၍ ထပ်ဆင့်ကောက်နုတ် ဖော်ပြအပ်ပါသည်။

”ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက လက်ရှိအာဏာရပါတီကို မဲပေးခဲ့ကြကြောင်း၊ ကိုယ့်ကိုယ်လည်းရှက်မိပါကြောင်း၊ များကြီးပြောင်းလဲမယ်လို့မျှော်လင့်ခဲ့တာ၊ လက် တွေ့လုပ်တဲ့အခါ အားမရဖြစ်မိကြောင်း၊ အရင် အစိုးရလက်ထက်နှင့် စာရင် ကုန်ဈေးနှုန်း တွေ၊ အခွန်တွေမြင့်တက်လာလို့ လက်လုပ်လက်စား သမားတွေမှာ ကုန်ဈေးနှုန်းဒဏ်ကြောင့် ဒုက္ခရောက်ခဲ့ရကြောင်း၊ မျှော်လင့်ခဲ့ တုန်းက သူတို့ပါတီ အနိုင်ရလို့ရှိရင် ပြည်သူလူထုချမ်းသာမယ်၊ အဆင်ပြေ မယ်ဆိုလို့ ကျွန်မတို့ မဲပေးခဲ့ပါတယ်၊ ယခုတော့ အထင်နှင့်အမြင်လွဲခဲ့ ကြောင်း၊ ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့YBS အဆင်မပြေကြောင်း၊ ယခင်က မင်္ဂလာဒုံ၊ ဝိုင်ယာလက်၊ ထောက်ကြံ့တို့ဆီက ဒီကိုလာရင် တိုက်ရိုက်ရောက် တယ်၊ ယခု သုံးဆင့်လေးဆင့်စီးပြီးမှရောက်တယ်၊ ကားခတွေပိုကုန်တယ်။

ဒီတစ်ခါ တော့ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်မယ့်ပါတီ၊ အစိုးရ အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ ပါတီက ကိုယ်စားလှယ်တွေကိုသာ မဲပေးမယ်”ဟု ပြည်သူ့အသံများကို ဖတ်ရှုခဲ့ရ သည်။

ယနေ့အခါ အဘယ်အရပ်ကို သွားသွား၊ ပြည်သူလူထုကြီးမှာ မိသားစုစားဝတ် နေရေးက ယခင်အစိုးရလက်ထက်ကထက် အဆင်မပြေမှုများနှင့် အခြေခံ လူတန်းစားများအတွက် အလုပ်ရှားပါးမှုများကြုံတွေ့နေရကာ တစ်နေ့ဝင်ငွေ နှင့် ထွက်ငွေမမျှဖြစ်နေကြ ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးတွင်လည်း ရခိုင် ဒေသနှင့် ရှမ်း (မြောက်ပိုင်း) ဒေသ၊ ကချင်ဒေသများတွင် လက်နက်ကိုင် သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များ ကြားသိနေရ၍ ကိုယ်ချင်း စာမိပါကြောင်း၊ စိတ်မချမ်းမြေ့စရာအသံများ ကြားနေရ ပြန်သည်။

ရန်ကုန်မြို့လယ်ခေါင်မှာပင် နေ့ခင်းကြောင်တောင် အနုကြမ်းစီး၊ လူသတ်၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုများစသည့် ရာဇဝတ်မှုများထူပြောလာ၍ အိမ်စောင့် တစ်ဦးတည်း ထားခဲ့ရမှာကိုပင် စိတ်သောကရောက်နေကြရသည်။

၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ယခင်အစိုးရ လက်ထက်နှင့် ၂ဝ၁၇ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် လက်ရှိအစိုးရသစ် ယနေ့ကာလတို့နှင့် နှိုင်းယှဉ်ကြည့်ပါက ကုန်ဈေးနှုန်းများကြီးမြင့်ခြင်း၊ ရာဇဝတ်မှုများ ထူပြော ခြင်း၊ ၊ လူလတ် တန်းစားများနှင့် အခြေခံလူတန်းများအတွက် အလုပ်အကိုင် အခွင့်အလမ်းရှားပါး၍ ဝင်ငွေနည်းရခြင်း၊ ဒေါ်လာလဲလှယ်ဈေးနှုန်းမြင့်ခဲ့၍ တစ်ဆက်စပ်တည်း ဆိုးကျိုး များခံစားရခြင်းတို့ကို သိသာမြင်သာစွာ သုံးသပ် ရပေသည်။

မြန်မာစကားတွင် ”အကြံတူ၊ နောက်လူသာစမြဲ”ဟု ဆိုသော်ငြားလည်း ယနေ့ မြန်မာနိုင်ငံ၏ ကဏ္ဍစုံဘက်စုံ၊ ထောင့်စုံနေရာများတွင် အဘက်ဘက်က ချွတ်ယွင်း အားနည်းနိမ့်ကျနေကြောင်းကိုသာ ပြည်သူ့အသံများ မကြားချင် အဆုံး ဖြစ်နေရသည်။

သို့ဖြစ်ရာ ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါတီကိုလည်းကြည့်၊ လူကိုလည်းကြည့်ရမည်ဖြစ်ရာ နိုင်ငံတော်နှင့်ပြည်သူ့ အကျိုးစီးပွားကို ပေါက်မြောက် အောင်မြင်အောင် စွမ်းဆောင်ပေးနိုင်မည့် အရည်အချင်းနှင့် အရည်အသွေးကောင်းများ ရှိသော ပြည်သူ့ကိုယ်စားလှယ်လောင်းများကိုသာ ဆန္ဒမဲအပြည့်အဝပေးကြရန် တိုက်တွန်းလိုက်ရပေသည်။

http://www.uniondaily.net/Ne