အမျိုးသမီး​ရေးရာ​တွေ့ဆုံပွဲ မော်လမြိုင်ပြည်ခိုင်ဖြိုးကျင်းပ

 

မွန်​ပြည်​နယ်​ ​မော်​လမြိုင်​မြို့နယ် ပြည်​​ထောင်​စု ကြံ့ခိုင်​​ရေးနှင့်​ဖွင့်​ဖြိုး​ရေးပါတီ အမျိုးသမီး​ရေးရာ​တွေ့ဆုံပွဲအခမ်းအနားကို မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ၂၀၁၇ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀းဝဝ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ​ပြည်​နယ်​ပါတီ​ကော်​မတီဝင်​ ဦးလွင်​မိုးမှ အဖွင့်​မိတ်​ဆက်​စကား​ပြောကြားပြီး ပြည်​နယ်​ပါတီ​ကော်​မတီဝင်​အမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်ခင်​မြင့်​မှ အမျိုးသမီး ရေးရာကိစ္စရပ်​များ၊ အသင်းအဖွဲ့များနှင့်​ပူး​ပေါင်း​ဆောင်​ရွက်​မှု၊အမျိုးသမီးများအကြမ်းဖက်​မှု
ကင်း​ဝေးရန်​၊ ကျန်းမာ​ရေးဆိုင်​ရာကိစ္စရပ်​များတွင်​ပူး​ပေါင်းပါဝင်​မှု၊ ​ခေတ်​အဆက်​ဆက်​အမျိုးသမီးများ​ခေါင်း​ဆောင်​ခဲ့မှုများ၊ အစဉ်​အလာ​ကောင်းများရှိ​နေပြီးဖြစ်​​သောအမျိုးသမီးများ ပြည်​ခိုင်​ဖြိုးပါတီနှင်
့ပူး​ပေါင်း၍ တက်​တက်​ကြွကြွ​ဆောင်​ရွက်​လာ​စေရန်​ကိစ္စရပ်​များကို​ ဆွေး​နွေးတင်ပြခဲ့သည်​။

ထို့​နောက်​ခရိုင်​ပါတီအမျိုးသမီး​ရေးရာတာဝန်​ခံဦးမျိုးဝင်း​ဇော်​၊ မြို့နယ်​​ကော်​မတီဝင်​အမျိုးသမီး​ရေးရာတာဝန်​ခံ​ဒေါ်ခင်​ခင်​ဦးမှ အမျိုးသမီး​ရေးရာဖွဲ့စည်းခြင်း၏ရည်​ရွယ်​ချက်​များ ၊လုပ်​​ဆောင်​ချက်​များကိုအကျယ်​တဝင့်​ရှင်းလင်း​ပြောကြား သည်​။

ဆက်​လက်​ပြီးတက်​​ရောက်​လာကြ​သော
ရပ်​ကွက်​​/ကျေးရွာများမှ သိရှိလိုသည့ိစ္စရပ်​များကို​မေးမြန်းရာ မြို့နယ်​ဥက္ကဌဦးညီညီ​ထွေးမှ ပြန်​လည်​ရှင်းလင်း​ပြောကြားသည်​။
တွေ့ဆုံ​ဆွေး​နွေးပွဲသို့ ပြည်​နယ်​​နှင့် ​ခရိုင်​​​​ကော်မတဝင်များ၊ မြို့နယ်​ဥက္ကဌနှင့်​​ကော်​တီဝင်​များ၊တက်​​ရောက်လာကြ​သော ရပ်​/​ကျေးအမျိုးသမီး​ရေးရာတာဝန်​ခံများ၊GREEN 9လူငယ်​ပရဟိတအဖွဲ့ မှတာဝန်​ခံများစုစု​ပေါင်​အင်​အား(၈၅)ဦးတက်​​ရောက်​ခဲ့ကြကြောင်းသိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်